သွားနှင့်ခံတွင်း ကျန်းမာရေး

Posted_Date

Image

သွားနှင့်ခံတွင်း ကျန်းမာရေး

Body

သွားနှင့်ခံတွင်းကျန်းမာရေးကို   အရေး တကြီးဂရုစိုက်ရန် လိုအပ်သည်။ ခံတွင်း သန့်ရှင်းရေးကို သေချာစွာဂရုစိုက်မှသာ  ခံတွင်းအနံ့ဆိုးမထွက်ဘဲ    လူကြားထဲ စကားပြောရန်  ယုံကြည်မှုရှိလာမည်ဖြစ် သည်။    သွားပျက်စီးခြင်းနှင့်   သွားဖုံး ရောဂါဖြစ်ခြင်းမှလည်း   တားဆီးနိုင်မည် ဖြစ်ပြီး   အသက်ကြီးသည်အထိ   သွား ကျန်းမာနေမည်ဖြစ်သည်။

ခံတွင်းသန့်ရှင်းရေးဂရုစိုက်ရန်   ပျက်ကွက်လျှင်  သွားနှင့်သွားဖုံးတင်မကပြင်းထန်သော  နောက်ဆက်တွဲဆိုးကျိုးများဖြစ်သည့် နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချိုမထိန်းနိုင်ခြင်း၊ လမစေ့ဘဲ ကလေးမွေးခြင်းကဲ့သို့ပြဿနာများပါ    ဖြစ်ပွား လာနိုင်သည်။ ခံတွင်းကျန်းမာရေးလိုအပ် ကြောင်း ပြသနေသောအချက်များမှာ-

သွားကိုက်ခြင်း

     သွားကိုက်ခြင်းသည်    သွားနှင့်ခံတွင်းပြဿနာများထဲမှ   အဖြစ်အများဆုံးနှင့် အသိသာဆုံးတစ်ခုဖြစ်သည်။ အဓိက အကြောင်းရင်းမှာ သွားပိုးစားခြင်းကြောင့် ဖြစ်သည်။   သွားဖုံးတွင်   ရောဂါရှိသောကြောင့်လည်း ဖြစ်နိုင်သည်။

သွားကျဉ်ခြင်း

      ရေအေးဖြစ်စေ၊   အပူဖြစ်စေသောက် လိုက်သည်နှင့် သွားကျဉ်ပြီဆိုပါက သွား အမြစ်အထိ ပိုးစားနေပြီဆိုသည့်လက္ခဏာဖြစ်သည်။  သွားကျိုးခြင်း၊  သွားကြွေပါး လွှာခြင်းကြောင့်လည်း သွားကျဉ်ခြင်းဖြစ် တတ်သည်။

သွားဖုံးသွေးယိုခြင်း

      သွားဖုံးမှသွေးများထွက်နေပြီး  သွား တိုက်တိုင်း   သွားပွတ်တံ    နီနေသည်၊ သွားဖုံးကိုထိလိုက်လျှင်လည်း နာနေသည် ဆိုပါက  သွားဖုံးရောင်ခြင်းဖြစ်နိုင်သည်။ နောက်တစ်ချက်မှာ ဗီတာမင်-C  ချို့တဲ့ခြင်းဖြစ်သည်။ ဗီတာမင်-C ချို့တဲ့ခြင်း ကြောင့်  ရေစီးကမ်းပြိုဖြစ်ကာ  သွားဖုံး သွေးယိုခြင်းဖြစ်တတ်သည်။   စစ်ဆေးမှု မခံယူပါက    သွားဖုံးရောဂါဆိုးရွားသည့် အဆင့်ထိ ရောက်သွားနိုင်သည်။

ခံတွင်းအနာများ

      ခံတွင်းထဲတွင် အနာများပေါက်နေခြင်း၊ အတွင်းပါးစောင်တွင် အဖြူကွက်ဖြစ်ခြင်း စသည့်မှိုပိုးဝင်သောအနာများကို   မြင်ဖူး ကြမည်ဖြစ်သည်။  တချို့က  သူ့ဘာသာ ပြန်ပျောက်သွားသော်လည်း ကိုယ်ထဲသို့ဗက်တီးရီးယားပိုးဝင်ခြင်း၊       ဗိုင်းရပ်စ်သို့မဟုတ် မှိုပိုးဝင်ခြင်း၊ ခုခံအားနည်းခြင်း ကြောင့်ဖြစ်သောအနာများ အချိန်ကြာစွာ ရှိနေတတ်သည်။ သွားတု(စိုက်ထားသည့် သွား၊  အံကပ်၊ သွားဖာထားခြင်း)   များ ကြောင့်လည်း ထိုသို့ပိုးဝင်ပြီး အနာပေါက် ခြင်းဖြစ်နိုင်သည်။

ခံတွင်းနံ့ဆိုးခြင်း

     ခံတွင်းနံ့ဆိုးခြင်းသည်  သွားနှင့်ခံတွင်း သန့်ရှင်းရေးကို ဂရုမစိုက်သည့်အတွက် တံတွေးခန်းခြင်း၊  ဆေးလိပ်သောက်ခြင်း၊ ဝမ်းချုပ်ခြင်းတို့ကြောင့် ဖြစ်ရသည်။ သွား မှန်မှန်တိုက်နေသည့်တိုင်     ခံတွင်းနံ့ဆိုး နေသေးသည်ဆိုလျှင် နာတာရှည်သွားဖုံး ရောဂါ၏လက္ခဏာ ဖြစ်နိုင်သည်။

သွားနဲ့ပြဿနာပေါ်ခြင်း

     သွားပဲ့ခြင်း၊   သွားကျိုးခြင်း၊   သွား ရှည်ထွက်လာသကဲ့သို့ဖြစ်ခြင်းတို့သည်လည်း   ခံတွင်းကျန်းမာရေး မကောင်း၍ဖြစ်ရသော လက္ခဏာများဖြစ်သည်။ သွား ဖုံးများကျုံ့သွားခြင်း၊ တိုသွားခြင်းတို့ကြောင့် သွားရှည်ထွက်ခြင်းဖြစ်နိုင်သည်။ သွားဖုံးတစ်သျှူးများနှင့် မေးရိုးများထိခိုက် နိုင်သည်။  နှလုံးရောဂါ၊  လေဖြတ်ခြင်းနှင့်  အသက်ရှူလမ်းကြောင်းရောဂါများ  ဖြစ် နိုင်သည်။

သွားအရောင်ပြောင်းခြင်း

      သွားဝါခြင်း၊    သွားမည်းနေခြင်း၊   သွား အရောင်    ညိုညစ်ညစ်ဖြစ်ခြင်းတို့သည်  သောက်နေကျဆေးဝါးများ၏  နောက် ဆက်တွဲဆိုးကျိုးကြောင့်ဖြစ်သည်။ ထို လက္ခဏာများဖြစ်လာပါက  ဆေးခန်းပြ ခြင်းကိုသာ   အာရုံထားကြပြီး အရေးကြီး ဆုံးဖြစ်သော   ခံတွင်းသန့်ရှင်းရေး‌ကို    မေ့နေတတ်ကြသည်။       

သွားကြားထိုးကြိုးအသုံးပြုခြင်း

     နေ့စဉ် သွားကြားထိုးကြိုး   အသုံးပြုခြင်းက    ကျန်းမာရေးအတွက်ကောင်း သည်။  သွားကြားထိုးကြိုးသုံးသည့်အခါ သွားကြားနှင့်  သွားဖုံးလိုင်းတစ်လျှောက် စားကြွင်းစားကျန် ကင်းစေသည့်အတွက်  သွားဖုံးရောဂါနှင့်  တခြားပြင်းထန်ဆိုးရွား သော ကျန်းမာရေးပြဿနာများ မဖြစ်စေပါ။   သွားကြားထိုးကြိုးအသုံးပြုခြင်းက ခန္ဓာကိုယ်ရှိ  နာတာရှည်ရောင်ရမ်းမှုဖြစ်သော နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ အဆုတ် ရောဂါနှင့်  လမစေ့ဘဲ  ကလေးမွေးဖွား ခြင်းတို့နှင့်ဆက်စပ်နေသည့်      ဗက်တီး ရီးယားပိုးမွှားများကို ကင်းဝေးစေသည်။

သွားတိုက်ခြင်း၊  သွားကြားထိုးကြိုး အသုံးပြုခြင်း၊    ပလုတ်ကျဉ်းခြင်းအပြင် လျှာကိုပါ တိုက်ပေးမှသာ ခံတွင်းအနံ့ဆိုး ကင်းဝေးစေမည်။  ခံတွင်းထဲရှိ   စားကြွင်း စားကျန်များတွင်      ဗက်တီးရီးယားပိုးပေါက်ပွားပျံ့နှံ့ရာမှ  ခံတွင်းအနံ့ဆိုးထွက် သည့်သွားကို သန့်စင်ရန် ပြုလုပ်ပေးပါက အနံ့ဆိုးမထွက်တော့ပါ။  လေ့လာမှုအရ  နေ့စဉ်  သွားတိုက်တိုင်း လျှာကို စက္ကန့် ၆၀ ကြာ နှစ်ကြိမ်တိုက်လေ့ရှိသူများသည် နှစ်ပတ်ကြာသည့်အခါ     အနံ့ဆိုးထွက် စေသည့် ဆာဖာဒြပ်ပေါင်း ၅၃  ရာခိုင်နှုန်း  လျော့နည်းသွားသည်ကို တွေ့ရသည်။

ပလုတ်ကျဉ်းဆေးရည်အသုံးပြုခြင်း

      ကလိုဟက်စီဒင်း    (Chlorhexidine, Cetylpyridinium chloride, Zinc Lastrate)၊ ကလိုရင်းဒိုင်အောက်ဆိုဒ် (Chlorine di-oxide)  စသည့်ပိုးမွှားကင်းသော   ပါဝင် ပစ္စည်းများ၏  ပလုတ်ကျဉ်းဆေးရည်ကို လည်း အသုံးပြုနိုင်သည်။

သွားနှင့်ခံတွင်းကို  ဓာတ်မှန်ရိုက်ခြင်း

      အမေရိကန်   သွားနှင့်ခံတွင်းဆိုင်ရာ အဖွဲ့အစည်း၏ အကြံပြုချက်အရ သွားနှင့် ခံတွင်းဓာတ်မှန်ရိုက်ရန် လိုအပ်သူများမှာ-

သွားပိုးပေါက် သို့မဟုတ် တခြားသွား ပြဿနာရှိနေခြင်း၊    သွားကိုစနစ်တကျ သန့်စင်သော်လည်း  သွားများမည်းညစ် နေခြင်း၊    ဓာတ်မှန်အပြည့်အစုံရိုက်ရန် လိုအပ်သောလူနာအသစ်ဖြစ်လျှင် မတော် တဆထိခိုက်မှုကဲ့သို့ တချို့သောအကြောင်း ရင်းများရှိခြင်းတို့ကြောင့်လည်း  သွားနှင့် ခံတွင်းပြဿနာ  ဖြစ်တတ်သည့်အတွက် ဓာတ်မှန်ရိုက်ကြည့်ရန်လိုအပ်သည်။

အဆိုပါနည်းများဖြင့်  မပျောက်ပါက သွားဖုံးရောဂါ၊    အာခေါင်ခြောက်ခြင်း၊ နှာခေါင်းပိုးဝင်ခြင်း၊    အာသီးရောင်ခြင်း၊   အစာအိမ်အူလမ်းကြောင်းနှင့် အသက်ရှူ လမ်းကြောင်း   ကူးစက်ပိုးဝင်ခြင်း    ရှိ၊   မရှိ   ဆရာဝန်နှင့်  တိုင်ပင်စစ်ဆေးသင့် သည်။

အချုပ်အားဖြင့်ဆိုသော်  သွားကျန်းမာ ရေးသည် ခံတွင်းပိုင်းဆိုလျှင် သွားတိုက်ရန်လိုသည်။ သွားများဖြူဖွေးပြီး ကျန်းမာခိုင်ခံ့နေပါက ကောင်းသောလက္ခဏာဖြစ် သည်။ တင်းရင်းသည့် သွားဖုံးရှိသင့်သည်။ သွားဖုံးက ဂျယ်လီကဲ့သို့ပျော့နေခြင်း၊ ပန်းရောင်မဟုတ်ဘဲ  အရောင်ပြောင်းခြင်း၊ ရောင်နေခြင်း စသည့် သွားဖုံးပြဿနာများ မရှိသင့်ပါ။  သွားပိုးပေါက်မရှိခြင်းက ကျန်းမာစေသည်။  လှပသည့်သွားဖြစ်ရန်  နေ့စဉ်   နှစ်ကြိမ်သွားတိုက်သင့်ကြောင်း     ရေးသား တင်ပြလိုက်ရပါသည်။

MWD