ခြေလက်ထုံကျဉ်မှု ခံစားရသည့်အကြောင်းရင်းများ

Posted_Date

Image

ခြေလက်ထုံကျဉ်မှု ခံစားရသည့်အကြောင်းရင်းများ

Body

ခြေ၊လက်များ  ထုံကျဉ်သည့်လက္ခဏာသည် လူတိုင်းအဖြစ်များပြီး စိတ်အနှောင့်အယှက်လည်း အလွန်ဖြစ်စေသည်။ တစ်ခါတစ်ရံ အိပ်သည့်အချိန်တွင် ဖိပြီးအိပ်မိခြင်း၊ အချိန်ကြာကြာခြေချိတ်ထိုင်မိခြင်း စသည့်အခြေအနေများတွင် အာရုံကြော သို့မဟုတ် အာရုံကြောလေးများကို ဖိမိသောကြောင့်   ခြေထောက်နှင့်လက်များ ထုံခြင်း၊ ကျဉ်ခြင်းမျိုး မကြာ ခဏခံစားရနိုင်သည်။

ခန္ဓာကိုယ်အနေထားပြင်ရမည်

     ခြေ၊ လက်များ ထုံကျဉ်နေပါက   မဖိမိရန် ခန္ဓာကိုယ်အနေအထားပြင်လိုက်လျှင် အလိုလိုပြန်လည် သက်သာနိုင်သည်။ သို့သော်  နာကျင်ခြင်း၊ ယားယံ ခြင်း၊ ကြွက်သားအားနည်းခြင်း စသည့်လက္ခဏာများနှင့်တွဲပြီးဖြစ်လာပါက အာရုံကြောများပျက်စီး ခြင်းကြောင့်ဖြစ်သော ထုံကျဉ်ခြင်းဖြစ်နိုင်သည်။

ဆီးချိုရောဂါ

       ဆီးချိုရောဂါသည် ခြေ၊ လက်ထုံကျဉ်ခြင်းကိုဖြစ်စေနိုင်သည့် အဖြစ်အများဆုံး အကြောင်းအရာထဲ တွင် တစ်ခုအပါအဝင်ဖြစ်သည်။ ခြေ၊ လက်များထုံကျဉ်ခြင်းကို လူတော်တော်များများက ဆီးချိုရောဂါ၏ ပထမဆုံးရောဂါ လက္ခဏာအနေဖြင့်    တွေ့ရတတ်သည်။ ခြေ၊ လက်ထုံကျဉ်မှုကို မကြာခဏခံစားရပြီးမိမိမိသားစုတွင်ဆီးချိုမျိုးရိုးရှိသည့်အပြင် အချို ကြိုက်သည်ဆိုလျှင် ဆရာဝန်နှင့်သေချာ တိုင်ပင်ပြီး ဆီးချိုစစ်ဆေးသင့်သည်။

ကိုယ်ဝန်ရှိခြင်း

     ကိုယ်ဝန်ရှိနေသည့်အချိန်တွင်လည်း    ကလေး ကြီးထွားလာခြင်း၊ ခန္ဓာကိုယ်တွင် အရည်များပိုများ လာခြင်းကြောင့်  အာရုံကြောများကို ဖိမိနိုင်သည့် အတွက်  ထုံကျဉ်သည့်ခံစားမှုမျိုးဖြစ်စေနိုင်သည်။

သို့သော် ကလေးမွေးဖွားပြီးသည်နှင့် သက်သာသွား နိုင်သောကြောင့် စိတ်ပူစရာမလိုပေ။ ဗီတာမင်လုံလုံလောက်လောက် မရရှိခြင်းအဓိကအားဖြင့် ဗီတာမင်-နှင့် ဗီတာမင်-တို့ကို ခန္ဓာကိုယ်က လုံလုံလောက်လောက်မရပါက ခြေ၊ လက်များ ထုံကျဉ်လာသည်။ ထို့ကြောင့် ခြေ၊ လက် များ ထုံကျဉ်သည့်ပြဿနာဖြစ်လာပြီဆိုလျှင် မိမိ နေ့စဉ်စားသောက်နေသော အစားအစာများထဲတွင် ဗီတာမင်ကြွယ်ဝသည်များ  ပါသည်၊  မပါသည်ကို ပြန်လည်ဆန်းစစ်ကြည့်သင့်သည်။ ဆရာဝန်နှင့် တိုင်ပင်ပြီး လိုအပ်ပါက ဗီတာမင်ဖြည့်စွက်ဆေး(B1)သောက်နိုင်သည်။ နေ့စဉ်အစားအစာများထဲတွင် ဗီတာမင်-နှင့် ဗီတာမင်-ပါဝင်သော ဆန်၊ ဂျုံ၊ နို့ နှင့်နို့ထွက်ပစ္စည်းများ၊ ပဲ၊ ဥ၊ အစေ့အဆန်များ၊ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ သဘာဝသစ်သီး များပါဝင်အောင် စားသောက်ရန်လိုအပ်သည်။

ဆေးဝါးများသောက်ရခြင်း

     တချို့သောကင်ဆာကုသဆေး၊ တီဘီဆေးများ၊ သွေးပေါင်ချိန်ထိန်းညှိပေးသော ဆေးများနှင့် တချို့သောရောဂါပိုးဝင်သည့် အခါတွင် အသုံးပြုသောပဋိဇီဝဆေးများက ခြေ၊ လက်ထုံကျဉ်ခြင်းဖြစ်စေနိုင်သည်။

အရက်အလွန်အကျွံသောက်ခြင်း

    အရက်အလွန်အကျွံသောက်ခြင်းက အာရုံကြောများကို ထိခိုက်ပျက်စီးစေနိုင်သည့်အပြင် ဗီတာမင်- B12 နှင့် ဖောလစ်အက်စစ်များလည်း လျော့နည်းစေ နိုင်သောကြောင့်  ခြေ၊  လက်  ထုံကျဉ်ခြင်းဖြစ်စေ သည်။ ထို့ကြောင့် အရက်ကိုရှောင်ကြဉ်ရန်လိုအပ်သည်။

တခြားရောဂါများ

     HIV/AIDS၊ အသည်းရောင်အသားဝါဘီ၊ အသည်း ရောင်အသားဝါစီပိုးဝင်ခြင်း၊ အလုံးအကျိတ်ဖြစ်ပြီး အာရုံကြောများကို ဖိမိခြင်း၊ ကျောက်ကပ်၊ အသည်း ရောဂါများနှင့် တချို့သော သွေးရောဂါများတွင်လည်း ခြေ၊ လက်ထုံကျဉ်သော လက္ခဏာများဖြစ်နိုင်သည်။

ခြေ၊ လက်ထုံကျဉ်ရုံမက  ရုတ်တရက်ခေါင်းကိုက် လာပြီး  ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူရခက်ခြင်း၊ သတိမကောင်းခြင်း၊     စကားပြောရခက်ခဲလာခြင်း စသည့် လက္ခဏာများဖြစ်လျှင် ဆရာဝန်နှင့် အမြန်ဆုံးပြသရန် လိုအပ်သည်။

ခြေထောက်ထုံကျဉ်နေသူများအနေဖြင့်  ခြေထောက်များထုံကျဉ်ခြင်း၊ ဟန်ချက်မညီခြင်း၊ ခြေဖဝါး ကို အပ်နှင့်ထိုးသကဲ့သို့ခံစားနေရခြင်းမှာ ခြေထောက် နှင့်ခြေဖဝါးအားနည်းခြင်းတို့ကြောင့်ဖြစ်သည်။

ခြေထောက်ထုံကျဉ်နေသူများ အနေဖြင့်  မကြာခဏထိခိုက်ဒဏ်ရာ ရတတ်ပြီး ဒဏ်ရာရသည်ကို မသိသည့်အတွက် ရောဂါပိုးဝင်တတ်သည်။ ထို့ကြောင့် ခြေထောက်ကို နေ့စဉ်စစ်ဆေးရန် လိုအပ်သည်။

ခြေထောက်ထုံကျဉ်သော   လူနာများအနေဖြင့် သတိလစ်သွားခြင်း၊    မျက်လုံးအမြင်ဝါးလာခြင်း၊ ခေါင်းမူးလာခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ နာရီနှင့်ချီကာ   ခြေ၊ လက်များ ထုံကျဉ်ခြင်း၊  ခေါင်းထိုးကိုက်ခြင်း၊ အသက်ရှူရခက်ခြင်း၊  လေဖြတ်ခြင်းတို့ဖြစ်လျှင်  ဆရာဝန်နှင့်အမြန်ပြသသင့်သည်။

မနက်ခင်းအိပ်ရာထတိုင်း ခေါင်းကိုက်ပြီး နိုးထလာသူများစွာရှိသည်။ မနက်ခင်းတိုင်းတွင် ခေါင်း ကိုက်ရခြင်းမှာ နေ့စဉ်ဘဝတွင် နေထိုင်မှုပုံစံများ ကြောင့်အပြင် အိပ်စက်မှုပုံစံမမှန်သောကြောင့်ဖြစ် သည်။ သို့သော် တစ်ခါတစ်ရံ မနက်ခင်းတွင် ခေါင်း ကိုက်ခြင်းသည် စိတ်ပိုင်းဆိုင်ရာအခြေအနေကြောင့်လည်းဖြစ်နိုင်သည်။

အိပ်ရေးမဝခြင်း

    အိပ်ရာနိုးလာချိန်တွင် ခေါင်းကိုက်သည်ဟုခံစား ရခြင်းသည် အိပ်ရေးပျက်သောကြောင့်ဖြစ်နိုင်သည်။   ညဘက်တွင် အိပ်ရာဝင်နောက်ကျခြင်း၊ ကောင်းစွာ အိပ်မပျော်ခြင်းက    နောက်တစ်နေ့နံနက်တွင် ခေါင်းကိုက်ခြင်းကို ခံစားရနိုင်သည်။     ညနက်သန်းခေါင်  အိပ်ရာမှနိုးလာပြီး   ပြန်အိပ်မရခြင်းက လည်း မနက်ခင်းတွင် ခေါင်းကိုက်ပြီးနိုးထခြင်းကို ဖြစ်စေနိုင်သည်။

အိပ်ပျော်စဉ်ဟောက်ခြင်း

    အသက်ရှူပိတ်၍ပြဿနာရှိခြင်း၊     အိပ်ရာထဲ ယောင်ခြင်း၊   အိပ်နေစဉ်ဟောက်ခြင်းက  လူတစ်ယောက်၏အိပ်စက်မှုကို ထိခိုက်စေနိုင်သည်။ ထိုအခြေအနေများက မနက်ခင်းတွင် အိပ်ရာနိုးနိုးချင်း ခေါင်းကိုက်ခြင်းကိုခံစားရနိုင်သည်။

ထိုအခြေအနေများကို အကောင်းဆုံးကိုင်တွယ် ဖြေရှင်းနည်းက ဝိတ်ချခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ အရက်၊ ဘီယာရှောင်ကြဉ်ခြင်းတို့ဖြစ်သည်။ 

အအိပ်များခြင်း

     အိပ်ရေးမဝခြင်းက  ခေါင်းကိုက်စေသကဲ့သို့ အအိပ်များလွန်းခြင်းကလည်း  မနက်ခင်းအိပ်ရာ နိုးနိုးချင်းတွင်    ခေါင်းကိုက်ခြင်းဖြစ်စေနိုင်သည်။ စိတ်ဓာတ်ကျနေချိန်တွင် ကောင်းစွာအိပ်မပျော် သော်လည်း အချိန်ကြာစွာ အိပ်ရာထဲကုန်ဆုံးတတ် ကြသည်။ ထိုအခြေအနေများက ခေါင်းကိုက်ခြင်းကိုဖြစ်စေနိုင်သည်။

ကြွက်သားများတောင့်တင်းခြင်း

    ဇက်ကြောတစ်ဝိုက် ဦးခေါင်းအောက်ဘက်နားမှ ကြွက်သားများ တောင့်တင်းနေမည်ဆိုလျှင် ခေါင်းထဲတွင် တင်းအားဖြစ်စေပြီး ခေါင်းကိုက်ခြင်းကို ခံစားရစေနိုင်သည်။ နာတာရှည်စိတ်ဖိစီးမှုကို ခံစားနေရ ခြင်း၊  ကိုယ်နေဟန်ထားမူမမှန်ခြင်း၊  ဆံပင်ကို တင်းတင်းကျပ်ကျပ် စည်းနှောင်ထားခြင်း၊ အိပ်စက်မှု ပုံစံမမှန်ခြင်းတို့ကလည်း ကြွက်သားများကိုတောင့် တင်းစေပြီး ခေါင်းကိုက်စေနိုင်သည်။

သွားကြိတ်ခြင်း

     သွားကြိတ်ခြင်းက မေးရိုးများကိုပင်ပန်းစေပြီး နာကျင်မှုကိုခံစားရနိုင်သည်။  ခေါင်းကိုက်ပြီးနိုးထစေနိုင်သည်။ တစ်ညလုံးသွားကြိတ်ခြင်းက မေးရိုးတွင်ရှိသော ကြွက်သားများနှင့် အရွတ်များကိုဝန်ပိစေပြီး မနက်ခင်းတိုင်းတွင် ခေါင်းကိုက်ခြင်းဖြစ်စေနိုင်သည်။

တချို့ဆေးဝါးများ

    အကိုက်အခဲပျောက်ဆေးများက မနက်စောစော ခေါင်းကိုက်ခြင်းကို သက်သာစေနိုင်သော်လည်းဆေးဝါးများ အလွန်အကျွံသုံးစွဲခြင်းကြောင့် ခေါင်းကိုက်ခြင်းဖြစ်နိုင်သည်။ တချို့သော ဆေးညွှန်းပါမှဝယ်ယူ၍ရသည့်ဆေးဝါးများက မနက်အိပ်ရာနိုးချိန်တွင် ခေါင်းကိုက်ခြင်းဖြစ်စေနိုင်သည်။

ထို့ပြင် ဟော်မုန်းပါသောသန္ဓေတားဆေးများ၊ သွေးဆုံးအကြိုသောက်ဆေးများ၊ အမျိုးသား အားဆေးများ၊   သွေးပေါင်ကျဆေး၊   နှလုံးရောဂါအတွက် သောက်ရသော ဆေးဝါးများနှင့် ကဖင်းဓာတ်က အိပ် စက်မှုကိုထိခိုက်စေပြီး အိပ်ရာထချိန်တွင် ခေါင်းကိုက်ခြင်း၊ ထုံခြင်း၊ ကျဉ်ခြင်းကိုဖြစ်စေနိုင်သည်။

ခေါင်းတစ်ခြမ်းကိုက်ခြင်း

   ခေါင်းတစ်ခြမ်းကိုက်ခြင်းကလည်း ညဘက်တွင် အိပ်ရေးဝဝ အိပ်ပျော်စေရန်ခက်ခဲပြီး   မနက်ခင်း တွင်   ခေါင်းကိုက်ခြင်းနှင့်အတူ   နိုးထစေနိုင်သည်။

ထို့ကြောင့် ခေါင်းတစ်ခြမ်းကိုက်တတ်သည်ဆိုလျှင်မိမိကိုယ်တိုင်ဆန်းစစ်ကြည့်သင့်သည်။

အိပ်စက်မှုပြဿနာရှိခြင်း

     ညဘက်များတွင် တစ်ရေးနိုးခြင်း၊ ပြန်အိပ်မပျော် ခြင်း၊  အိပ်ပျော်ရန်ခက်ခဲခြင်း၊   တစ်ညလုံးတဆတ်ဆတ်နိုးနေခြင်းများက    မနက်ခင်းအိပ်ရာထချိန်တွင်      ခေါင်းကိုက်ခြင်းကို ခံစားရစေနိုင်သည့် အကြောင်းရင်းများဖြစ်သည်။

စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးခြင်း

     စိတ်ကျန်းမာရေးပြဿနာများဖြစ်သည့်  စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးခြင်းများခံစားရမည်ဆိုလျှင် လည်း မနက်ခင်းအိပ်ရာထချိန်တွင် ခေါင်းမကြည်သာမှုနှင့်အတူ   ခေါင်းကိုက်ခြင်းခံစားရနိုင်သည်။ ထို့ကြောင့်ခေါင်းကိုက်၍ အိပ်ရာမှနိုးထလာပြီဆိုလျှင် စိတ်ဖိစီး ခြင်း၊ စိတ်ဓာတ်ကျခြင်းခံစားနေရမှု ရှိ၊ မရှိကိုယ်တိုင်ဆန်းစစ်ကြည့်သင့်သည်။

အိပ်ရာမှနိုးနိုးချင်း ရေများများသောက်ခြင်း

     အိပ်ရာမှနိုးနိုးချင်းရေသောက်ခြင်း၊ ကဖင်းဓာတ် လျှော့သောက်ခြင်း၊ ဖုန်းလျှော့ကြည့်ခြင်း၊ ဇက်ကြောကိုရေနွေးအိတ်ကပ်ခြင်း၊  နဖူးကိုရေအေးဖတ်တင်ခြင်း၊ ခေါင်းနှင့်ဇက်ကို ဖွဖွနှိပ်ပေးခြင်းတို့က ခေါင်းကိုက်ခြင်းကို    သက်သာစေနိုင်ကြောင်း   ရေးသား တင်ပြလိုက်ရပါသည်။

MWD