ဘားအံမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ဥပဒေအသိပညာပေးဆွေးနွေး
ဘားအံ မေ ၂၅
ကရင်ပြည်နယ်ဥပဒေချုပ် ဒေါ်နော်သန်းသန်းငြိမ်းနှင့် တာဝန်ရှိသူများသည် မေ ၂၄ ရက်နံနက်ပိုင်းက ဘားအံမြို့နယ် အိန္ဒုကျေးရွာအုပ်စုနှင့် လှာကာကျေးရွာအုပ်စုတို့သို့ကွင်းဆင်း၍ ဥပဒေအသိပညာပေး ဆွေးနွေးဟောပြောသည်။
ထိုသို့ဆွေးနွေးဟောပြောရာတွင် ပြည်နယ်ဥပဒေချုပ်က တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေအသိပညာ ပြန့်ပွားရေးလုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားပြီး ခရိုင်ဥပဒေအရာရှိ ဦးနိုင်ဝင်းက ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေပါ သိကောင်းစရာများကို လည်းကောင်း၊ ခရိုင်ဥပဒေအရာရှိ ဦးစောသိန်းဖေမြင့်က လောင်းကစား ဥပဒေပါ သိကောင်းစရာများကို လည်းကောင်း၊ လက်ထောက်ပြည်နယ် ဥပဒေအရာရှိ ဒေါ်ဖြူဖြူသင်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပါသိကောင်းစရာများကိုလည်းကောင်း ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)
MDN
MM-News-Category
