ရှမ်းပြည်နယ်ဝန်ကြီးချုပ် အခြေခံမီးသတ်ပညာသင်တန်းနှင့် ဟိုတယ်ဝန်ဆောင်မှု သင်တန်းသုံးမျိုး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

News Image

  • ရှမ်းပြည်နယ်ဝန်ကြီးချုပ် အခြေခံမီးသတ်ပညာသင်တန်းနှင့် ဟိုတယ်ဝန်ဆောင်မှု သင်တန်းသုံးမျိုး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

တောင်ကြီး မေ ၂၅

 

ရှမ်းပြည်နယ်မီးသတ်ဦးစီးဌာန သီးသန့်မီးသတ် တပ်ဖွဲ့ဝင်များ အကြိုအခြေခံ မီးသတ်ပညာသင်တန်း အမှတ်စဉ်(၁/၂၀၂၆) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ပြည်နယ် ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး နှစ်(၈၀)ပြည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် Video Clip ကို ကြည့်ရှုကြသည်။

 

ထို့မှတစ်ဆင့် တောင်ကြီးမြို့ ရွိုင်ရယ်တောင်ကြီး ဟိုတယ်၌ ကျင်းပသည့် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှု သင်တန်းသုံးမျိုး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောသည်။

 

အဆိုပါ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်း သုံးမျိုးကို သင်တန်းကာလ ရက်သတ္တလေးပတ်ကြာ စာတွေ့၊ လက်တွေ့ သင်ခန်းစာများကို သင်ကြားပို့ချ သွားမည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၁၀၀ တက်ရောက်ကြကြောင်း သိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)

MDN