ပြည်ခရိုင်(ဇီးအုပ်)တောင်သူလယ်သမားသင်တန်းကျောင်း၌ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းဖွင့်လှစ်

News Image

  • ပြည်ခရိုင်(ဇီးအုပ်)တောင်သူလယ်သမားသင်တန်းကျောင်း၌ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းဖွင့်လှစ်

ပြည် မေ ၂၅

 

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်ရှိ (ဇီးအုပ်) တောင်သူလယ်သမား သင်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းတွင် တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးသင်တန်း ဖွင့်လှစ်ခဲ့သည်။

 

ဦးစွာ ပြည်ခရိုင်စီမံခန့်ခွဲ​ရေးနှင့် အုပ်ချုပ်ရေး​ကော်မတီဥက္ကဋ္ဌ ဦးတင်​ကျော်ဝင်းက အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး ဦး​အောင်စိုးမိုးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

 

အဆိုပါသင်တန်းတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာနည်းပညာရပ်များကို ​မေ ၂၅ ရက်မှ ၂၇ ရက်အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

MDN