လားရှိုးမြို့၌ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း ဖွင့်လှစ်
လားရှိုး မေ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ အကြိုအခြေခံမီးသတ်ပညာသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲကို ယနေ့တွင် အဆိုပါရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးက အမှာစကားပြောကြားပြီး သင်တန်းသားများအတွက် သင်ထောက်ကူပစ္စည်းများ ချီးမြှင့်ပေးအပ်သည်။
အဆိုပါသင်တန်းကို မေ ၂၅ ရက်မှ ဇွန် ၅ ရက်အထိ ရှေးဦးမီးငြှိမ်းသတ်ရေးပစ္စည်းများ၊ ခေတ်မီမီးငြှိမ်းသတ်ရေးပစ္စည်းများဖြင့် မီးအတန်းအစားအလိုက် မီးငြှိမ်းသတ်ခြင်းသင်ခန်းစာများကို လေ့ကျင့်ပို့ချသင်ကြားမည်ဖြစ်ကြောင်း သိရသည်။
လူမော်(ပြန်/ဆက်)
MDN
MM-News-Category
