မိမိ၏ အိန္ဒိယခရီးစဉ်ကို တစ်ကမ္ဘာလုံး စိတ်ဝင်စားမှုမှာ မထူးဆန်းကြောင်း ပူတင်ပြောကြား

News Image

  • မိမိ၏ အိန္ဒိယခရီးစဉ်ကို တစ်ကမ္ဘာလုံး စိတ်ဝင်စားမှုမှာ မထူးဆန်းကြောင်း ပူတင်ပြောကြား

မိမိအနေဖြင့် အိန္ဒိယသို့ သွားရောက်နေသည့် ခရီးစဉ်ကို တစ်ကမ္ဘာလုံးက စိတ်ဝင်စားနေခြင်းမှာ ထူးဆန်းသည့်အရာ မဟုတ်ကြောင်း၊ အကြောင်း မှာ အိန္ဒိယသည် လူဦးရေ ၁.၅ ဘီလီယံ ရှိသော ကြီးမားသော နိုင်ငံ ဖြစ် သကဲ့သို့ စီးပွားရေး အမြန်ဆုံး တိုးတက်နေသော နိုင်ငံတစ်နိုင်ငံ ဖြစ် သောကြောင့်ဖြစ်သည်ဟု ရုရှားသမ္မတ ဗလာဒီမာ ပူတင်က India Today ၏ အင်တာဗျူးတွင် ပြောကြားလိုက်ပါသည်။

ရုရှားခေါင်းဆောင်၏အဆိုအရ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရန် နည်းပညာမြင့် အာကာသစူးစမ်းလေ့လာရေးနှင့် နျူကလီးယားစွမ်းအင် စသည့် အဓိကကဏ္ဍများနှင့် ပတ်သက်သည့် စီမံကိန်း လုပ်ဆောင်ရန် ရှိပြီး၊ ၎င်းအပြင် လေကြောင်းနှင့် သင်္ဘောတည်ဆောက်ရေးဆိုင်ရာ စီမံကိန်း များလည်း ပါဝင်သည်ဟု သိရပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၃