ထရမ့်က အီရန်အရေးနှင့်ပတ်သက်သည့် အရေးကြီးသော နောက်ဆုံးအခြေအနေကို ဧပြီ ၁ ရက်နေ့ည နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားမည်

News Image

  • ထရမ့်က အီရန်အရေးနှင့်ပတ်သက်သည့် အရေးကြီးသော နောက်ဆုံး အခြေအနေကို ဧပြီ ၁ ရက်နေ့ည နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားမည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်နိုင်ငံနှင့်ပတ်သက်၍ ဗုဒ္ဓဟူးနေ့ (ဧပြီ ၁) ညတွင် နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt က “ဧပြီ ၁ ရက်နေ့ ည အရှေ့ဘက်စံတော်ချိန် (ET) ၉ နာရီမှာ သမ္မတထရမ့်ဟာ အီရန် အရေးနှင့်ပတ်သက်ပြီး အရေးကြီးသည့် နောက်ဆုံးအခြေအနေတွေကို တင်ပြဖို့ နိုင်ငံတော်ကို မိန့်ခွန်းပြောကြားသွားမှာ ဖြစ်ပါတယ်” ဟု ၎င်း၏ X လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

မတ်လ ၃၁ ရက်နေ့အစောပိုင်းက သမ္မတရုံးခန်းတွင် ပြုလုပ်ခဲ့သည့်တွေ့ဆုံမှု၌ သမ္မတထရမ့်က အဆိုပါစစ်ပွဲသည် “ဖြစ်နိုင်လျှင် နှစ်ပတ်အတွင်း” အဆုံးသတ်သွားလိမ့်မည်ဟု ခန့်မှန်းကြောင်းပြောဆိုခဲ့ပြီး အခြေအနေများကို ပြေလည်စေမည့် သဘောတူညီချက်တစ်ခု ရရှိနိုင်ခြေရှိသည်ကို အလေးပေး ပြောကြားသွားခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂