မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း ဆီးဂိမ်းပြိုင်ပွဲ ကျင်းပနေသည့် ထိုင်းနိုင်ငံ၌ ကြိုတင်လေ့ကျင့်

News Image

  • မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း ဆီးဂိမ်းပြိုင်ပွဲ ကျင်းပနေသည့် ထိုင်းနိုင်ငံ၌ ကြိုတင်လေ့ကျင့်

ရန်ကုန်  ဒီဇင်ဘာ  ၆

      မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် (၃၃)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကျင်းပနေသည့် ထိုင်းနိုင်ငံသို့ ကြိုတင်ရောက်ရှိနေပြီး လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ပီရန်ဘူရီမြို့ရှိ Imane အားကစားရုံ၌ ပြိုင်ပွဲအကြိုလေ့ကျင့်လျက်ရှိပြီး ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ ခြေစမ်းပွဲအချို့ ထပ်မံကစားကာ အပြီးသတ်ကစားသမား ၁၄ ဦး ရွေးချယ်မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီး ဖူဆယ်အသင်းတွင်  နည်းပြချုပ်-ပီရာဆတ် (ထိုင်း) အားကစားသမားများအဖြစ်  ဂိုးသမား-ချောစန္ဒီအောင်၊ သိမ့်စန္ဒာစိုး၊ လူဂျာ၊ ကစားသမား-ယမင်းလွင်၊ ယွန်းမီမီလွင်၊ ဆုဝါလွင်၊ ဖူးပွင့်ခိုင်၊ ယမင်းသန့်ဇင်၊ ၀တ်ရည်လွင်၊ မေသိင်္ဂါကြွယ်၊ မေဇင်ဦး၊   ဇင်ငြိမ်းချစ်၊ ဝေဖူးအိမ်၊ အိအိကျော်၊   နန်းဆိုင်ဘရင်း၊ နှင်းစန္ဒာလှိုင်တို့ ပါ၀င်ကြပြီး  ကစားသမားနှစ်ဦး လျှော့ချရမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် ဆီးဂိမ်းပြိုင်ပွဲတွင် အုပ်စု(B) ၌ ကျရောက်နေပြီး ဒီဇင်ဘာလ ၁၃ ရက်တွင် အင်ဒိုနီးရှားအသင်း၊ ဒီဇင်ဘာလ ၁၄ ရက်တွင် ဗီယက်နမ် အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။   

MWD