ပျဉ်းမနားမြို့နယ်၌ ကျောင်းသား ကျောင်းသူလူငယ်များအတွက် နွေရာသီအခြေခံ အားကစားသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေး

News Image

  • ပျဉ်းမနားမြို့နယ်၌ ကျောင်းသား ကျောင်းသူလူငယ်များအတွက် နွေရာသီအခြေခံ အားကစားသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေး

နေပြည်တော်    ဧပြီ   ၁

     ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူ လူငယ်များအတွက် နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း   မိမိဝါသနာပါသည့် အားကစားနည်းများကို စနစ်တကျလေ့လာ သင်ယူနိုင်ရေးအတွက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီး ဌာနအနေဖြင့် ၂၀၂၆  ခုနှစ် နွေရာသီအခြေခံအားကစား သင်တန်းများကို ပေါင်းလောင်း အားကစားကွင်းနှင့် သတ်မှတ်ထားသည့်  အခြေခံပညာကျောင်းများ၌  အခမဲ့ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန အနေဖြင့် ကျောင်းသား၊ ကျောင်းသူ လူငယ်များအတွက် ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ တိုက်ကွမ်ဒို၊ မြန်မာ့သိုင်း၊ အေရိုးဗစ် စသည့်အားကစားနည်းများကို အခြေခံ သင်ကြားပေးခြင်းဖြစ်ကြောင်း၊ အဆိုပါသင်တန်းများကို မတ်လ ၂၅ ရက်မှ ဧပြီလ ၇ ရက်အထိ အခမဲ့ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။ 

MWD