ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် ၁၈ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ကျင်းပ
ပဲခူး ဧပြီ ၁
ပဲခူးမြို့ ဥဿာမြို့သစ်ရှိ တိုင်းဒေသကြီး အားကစားဥယျာဉ် ဘောလုံးကွင်း၌ ယနေ့ နံနက်ပိုင်းတွင် ၂၀၂၆ ခုနှစ် ပဲခူးတိုင်းဒေသ ကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် ၁၈ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပသည်။
အဆိုပါ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် ၁၈ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကိုဧပြီလ ၁ ရက်မှ ၄ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ပဲခူး၊ တောင်ငူ၊ ပြည်၊ သာယာဝတီစသည့် ခရိုင်ကိုယ်စားပြု ဘောလုံးအသင်းလေးသင်း ပါဝင်ကာ အုပ်စုပတ်လည် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ ဧပြီလ ၁ ရက် နံနက်ပိုင်းတွင် အဖွင့်ပွဲစဉ်အဖြစ် ပြည်ခရိုင်အသင်းနှင့် သာယာဝတီခရိုင်အသင်း တို့ယှဉ်ပြိုင်ကစားကြရာ သာယာဝတီခရိုင်အသင်းက ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိ သည်။
ဧပြီလ ၁ ရက် ညနေပိုင်းတွင် တောင်ငူ ခရိုင်နှင့် ပဲခူးခရိုင်အသင်း၊ ဧပြီလ ၂ ရက် နံနက်ပိုင်းတွင် ပြည်ခရိုင်နှင့် ပဲခူးခရိုင်အသင်း၊ ညနေပိုင်းတွင် သာယာဝတီခရိုင်နှင့် တောင်ငူခရိုင်အသင်း၊ ဧပြီလ ၃ ရက် နံနက်ပိုင်းတွင် ပြည်ခရိုင်နှင့် တောင်ငူခရိုင်အသင်း၊ ညနေပိုင်းတွင် ပဲခူးခရိုင်နှင့် သာယာဝတီခရိုင် အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဗိုလ်လုပွဲအား ဧပြီလ ၄ ရက် ညနေပိုင်းတွင် ယှဉ်ပြိုင်ကစားသွား ကြမည် ဖြစ်ကြောင်း သိရသည်။
MWD
