ဒဂုံ(အရှေ့ပိုင်း)မြို့နယ်၌ နွေရာသီအခြေခံ အားကစား သင်တန်းဆင်းပွဲကျင်းပ

News Image

  • ဒဂုံ(အရှေ့ပိုင်း)မြို့နယ်၌ နွေရာသီအခြေခံ အားကစား သင်တန်းဆင်းပွဲကျင်းပ

ရန်ကုန်   ဧပြီ    ၁

     ရန်ကုန်တိုင်းဒေသကြီး   ဒဂုံမြို့သစ်ခရိုင် ဒဂုံ(အရှေ့ပိုင်း)မြို့နယ်၌ အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန    မြို့နယ်အားကစားနှင့်  ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် နွေရာသီအ‌ခြေခံ အားကစားသင်တန်း ဆင်းပွဲအခမ်းအနား ကို မတ်လ ၃၁  ရက်က  မြို့နယ်ဖူဆယ် အားကစားရုံ၌ ကျင်းပသည်။

 အခမ်းအနားတွင်   မြို့နယ်စီမံခန့်ခွဲ ရေးနှင့်    အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇော်က  အဖွင့်အမှာစကားပြော ကြားပြီး    မြို့နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာန အားကစားမှူး ဦးဦးထွန်း က အားကစားဆိုင်ရာများကို အသိပညာပေး ဟောပြောသည်။

ဆက်လက်၍ မြန်မာ့သိုင်း၊ အေရိုးဗစ် သင်တန်းသား၊ သင်တန်းသူများက သရုပ် ပြသကြပြီး  တာဝန်ရှိသူများက   အားကစားနည်းအလိုက် သင်တန်းဆင်း လက်မှတ်များနှင့်   သင်တန်းနည်းပြများ အား ဂုဏ်ပြု‌ချီးမြှင့်‌ငွေများ ပေးအပ်သည်။

အဆိုပါ နွေရာသီအားကစားသင်တန်း တွင် အခြေခံပညာဦးစီးဌာနမှ  ကျောင်း သား၊ ကျောင်းသူများ၊ အားကစားဝါသနာ ရှင်လူငယ်များတက်ရောက်ကြပြီး   သင်တန်းနည်းပြ ဆရာ၊ ဆရာမများက ဖေဖော် ဝါရီလ ၁၆ ရက်မှ မတ်လ ၃၁ ရက်အထိ လေ့ကျင့်သင်ကြား ပေးခဲ့ခြင်းဖြစ်ကြောင်း နှင့်  အဆင့်မြင့်သင်တန်းများကို  ဧပြီလ  ၁    ရက်မှစ၍   ထပ်မံဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။ 

MWD