(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာမြင်းစီးကစားသမားများက Team ပြိုင်ပွဲ၌ ကြေးတံဆိပ်ဆုဆွတ်ခူးရရှိထား

News Image

  • (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာမြင်းစီးကစားသမားများက Team ပြိုင်ပွဲ၌ ကြေးတံဆိပ်ဆုဆွတ်ခူးရရှိထား

ရန်ကုန်   ဒီဇင်ဘာ  ၁၅

ထိုင်းနိုင်ငံက     အိမ်ရှင်အဖြစ်လက်ခံကျင်းပနေ သည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ(ဆီးဂိမ်း)တွင် မြင်းစီး အားကစားနည်း၌ မြန်မာ နိုင်ငံကိုယ်စားပြု  ကစားသမားက Team   ပြိုင်ပွဲ၌ ကြေးတံဆိပ်ဆုဆွတ်ခူးရရှိထားကြောင်း သိရသည်။

မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်က Event-ing (Dressage၊ Show Jumping & Cross Country) အားကစားနည်း သုံးမျိုးပါသော    မြင်းစီးကစားနည်း ဖြင့်  မြန်မာ့လက်ရွေးစင် မြင်းစီးကစားသမား သန်းနိုင် အောင်၊ စောမောင်နှင့်နန်းကိုဝင်းတို့ သုံးဦးဝင်ရောက်ယှဉ်ပြိုင်ရာတွင်     ကြေးတံဆိပ်ဆုဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။

ထို့အတူ ဆီးဂိမ်းမြင်းစီး အားကစားပြိုင်ပွဲများကို   ဒီဇင်ဘာလ ၁၇ ရက်နှင့် ၁၉ ရက်တို့တွင် တန်းခုန် ပြိုင်ပွဲကို   ဆက်လက်ကျင်းပမည်ဖြစ်ရာ    မြန်မာ ကစားသမားနှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံမြင်းစီး အားကစားအဖွဲ့ချုပ်အနေဖြင့် ဆီးဂိမ်းအတွက် ပြင်ဆင်မှုများကို ယခုနှစ်ဇန်နဝါရီ လမှ စတင်လေ့ကျင့်ခဲ့ခြင်းဖြစ်ကာ မြန်မာနည်းပြများ အပြင်    နိုင်ငံခြားသားနည်းပြများကိုပါ  ငှားရမ်းပြီး ပူးပေါင်း လေ့ကျင့်ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံကိုယ်စားပြု မြင်းစီးကစားသမား များအနေဖြင့် ယခုဆီးဂိမ်းပြိုင်ပွဲပြီးပါက ဒီဇင်ဘာလ ၂၀ ရက်မှ ၂၃ ရက်အထိ ထိုင်းနိုင်ငံ၌ ကျင်းပမည့်  Princess Cup   ပြိုင်ပွဲတွင်လည်း မြန်မာလူငယ်မြင်းစီး ကစားသမားများဖြင့်    တန်းခုန်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း  သိရသည်။                       

လူသစ်

MWD