အာဆီယံဖူဆယ်ပြိုင်ပွဲတွင် မြန်မာဖူဆယ်အသင်း ဗီယက်နမ်အသင်းနှင့် စတင်ကစားရမည်

News Image

  • အာဆီယံဖူဆယ်ပြိုင်ပွဲတွင် မြန်မာဖူဆယ်အသင်း ဗီယက်နမ်အသင်းနှင့် စတင်ကစားရမည်

ရန်ကုန်   ဧပြီ   ၁

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၂၆ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင်    မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဗီယက်နမ်အသင်းနှင့် စတင်ကစားရမည်ဖြစ်သည်။

၂၀၂၆ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို ဧပြီ ၆ ရက်မှ ၁၂ ရက်အထိ ထိုင်းနိုင်ငံ  နာခွန်ရတ် ချာစီမာမြို့၌ကျင်းပမည်ဖြစ်ပြီး အုပ်စု (A)တွင် ထိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ တီမော၊ အုပ်စု (B) တွင် အင်ဒိုနီးရှား၊ မလေးရှား၊ သြစတြေးလျ၊  ဘရူနိုင်းအသင်းတို့  ပါဝင်နေသည်။ အုပ်စုပွဲများကို ဧပြီ ၆ ရက်မှ ၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ဧပြီ ၆ ရက်တွင် ဗီယက်နမ်အသင်း၊ ဧပြီ ၇ ရက်တွင် ထိုင်းအသင်း၊ ဧပြီ ၉ ရက်တွင် တီမောအသင်းနှင့် ကစားရမည်ဖြစ် သည်။

မြန်မာအသင်းသည် ပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် မတ် ၂၉ ရက်မှစ၍ ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ လေ့ကျင့်နေပြီး ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားလျက်ရှိသည်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ကစားသမား ၁၇ ဦး ခေါ်ဆောင်သွားပြီး ခြေစမ်းပွဲများအပြီးတွင် ကစားသမား ၁၄ ဦး ရွေးချယ်ကာ ဧပြီ ၅ ရက်တွင် ဗန်ကောက်မြို့မှ ပြိုင်ပွဲကျင်းပမည့် နာခွန်ရတ်ချာစီမာမြို့သို့ ထွက်ခွာမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းတွင် ဂိုးသမား- မိုင်းစိုးမြတ်ထွေး(MIU)၊   ကျော်ရဲသွေး (YCDC Dream Team)၊ ညီညီသန့်(TG United)၊ ကစားသမား- ဆက်ဝေယံ၊  မင်းခန့်သူ၊  ထွန်းအောင်ကျော်၊ သက်ထွန်း (MIU)၊ သိုင်းဘွဲ့အောင်၊ မင်းချစ်သူ၊ မျိုးမင်းလှိုင်၊ ထွန်းထွန်းဝင်း (M2K)၊ နိုင်ထွန်းလူ(SGF)၊ ဟဲမာဌေး(Team Lions)၊ ဝေယံဖြိုး၊ ကျော်ဇောသိန်း (VUC)၊ ကိုကိုလွင်၊ ထွဋ်ဝေထွန်း (YRG) တို့ ပါဝင်ကြသည်။

သတင်း-ကိုညီလေး

ဓာတ်ပုံ-MFF

MDN