ဒက္ခိဏသီရိမြို့နယ်၌ လူငယ်များအတွက် နွေရာသီအခြေခံ အားကစားသင်တန်းများ အခမဲ့ဖွင့်လှစ် သင်ကြား
နေပြည်တော် ဧပြီ ၁
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူလူငယ်များအတွက် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း မိမိဝါသနာပါသည့် အားကစားနည်းများကို စနစ်တကျ လေ့လာသင်ယူနိုင်ရေးအတွက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနအနေဖြင့် ၂၀၂၆ ခုနှစ် နွေရာသီအခြေခံ အားကစားသင်တန်းများကို ကြံ့ခိုင်ရေးဘောလုံးကွင်း ရန်အောင်မြင် OIAC(2)ကျောင်း၊ အမှတ်(၁၈) အခြေခံပညာ အထက်တန်းကျောင်း ရန်အောင်မြင်ကျောင်းများ၌ အခမဲ့ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူ လူငယ်များအတွက် ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ တိုက်ကွမ်ဒို၊ မြန်မာ့သိုင်း၊ အေရိုးဗစ် စသည့် အားကစားနည်းများကို အခြေခံ သင်ကြားပေးခြင်းဖြစ်ကြောင်း၊ အဆိုပါသင်တန်းများကို မတ်လ ၂၅ ရက်မှ ဧပြီလ ၈ ရက်အထိ အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း သိရသည်။
MWD
