တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ မီနီမာရသွန်အပြေးပြိုင်ပွဲနှင့် Fitness Dance ပြိုင်ပွဲများ ကျင်းပ

News Image

  • တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ မီနီမာရသွန်အပြေးပြိုင်ပွဲနှင့် Fitness Dance ပြိုင်ပွဲများ ကျင်းပ

မုံရွာ ဒီဇင်ဘာ ၂၆

၂၀၂၅ ခုနှစ် ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအထိမ်းအမှတ် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ   မီနီမာရသွန်အပြေးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့ အရှေ့ဘက် ကန်သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်၌ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ တာဝန်ရှိသူများက အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်အပြေးပြိုင်ပွဲကို တာထွက်အချက်ပြအလံ   ဝှေ့ယမ်းကာ ဖွင့်လှစ်ပေးပြီး   အမျိုးသမီးမီနီမာရသွန်အပြေးပြိုင်ပွဲဝင် ၅၈ ဦးတို့သည်  အရှေ့ဘက် ကန်သာယာကန်တစ်ပတ်နှင့် အမျိုးသား မီနီမာရသွန် အပြေးပြိုင်ပွဲဝင် ၈၆ ဦးတို့သည် အရှေ့၊ အနောက်ဘက် ကန်သာယာကန်အထိ ယှဉ်ပြိုင်ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့ ပြည်သူ့အားကစားကွင်း အတွင်းရှိ   မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည့်   ၂၀၂၅ ခုနှစ် ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှု အထိမ်းအမှတ် တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ Fitness Dance ပြိုင်ပွဲသို့ တက်ရောက်ရာ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ဝန်ထမ်းများက Fitness Dance ဖြင့်ကပြဖျော်ဖြေကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာလ ၂၈ ရက်တွင်ကျင်းပမည့် ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မုံရွာမြို့ အလုံရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရန်အတွက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(အလုံ)ကျောင်းဝင်းအတွင်းရှိမဲရုံအမှတ်(၂) ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ခံတောကျေးရွာ အခြေခံပညာမူလတန်းကျောင်းဝင်း

အတွင်းရှိ    စစ်ပင်ရပ်ကွက်   မဲဆန္ဒရှင်ပြည်သူများဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံအမှတ်(၃)ပြင်ဆင် ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုပြီး    မဲရုံမှူး၊  ဒုတိယမဲရုံမှူးများနှင့်အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။   

MWD