ကျောက်ဆည်မြို့၌ ကျင်းပခဲ့သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ မဲရလဒ်များ ထုတ်ပြန်
ကျောက်ဆည် ဒီဇင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့က ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို ကျောက်ဆည်မြို့နယ် ရပ်ကွက်၊ ကျေးရွာ၌ မဲရုံအသီးသီးတွင် ကျင်းပ ပြုလုပ်ခဲ့ပြီး ရွေးကောက်ပွဲရလဒ်များကို ဒီဇင်ဘာ ၂၉ ရက် နံနက် ၉ နာရီက ကျောက်ဆည်မြို့ မြို့တော် ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်စိန်က ရွေးကောက်ပွဲဥပဒေများ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ မဲစာရင်းရလဒ်များ ထုတ်ပြန်ကြေညာရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် သက်ဆိုင်ရာပါတီကိုယ်စားလှယ်များအား ကြည့်ရှုစေပြီး မဲရလဒ် များ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
သက်မောင် (ကျောက်ဆည်)
MM-News-Category
