မော်လိုက်မြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ မြေပဲ ၃ဝ၁၈ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်
မော်လိုက် ဒီဇင်ဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင် မော်လိုက်မြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ မြေပဲ ၃၀၁၈ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မော်လိုက်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ မော်လိုက်မြို့နယ်တွင် မြေပဲ ၄၁၂၂ ဧကစိုက်ပျိုးရန် လျာထားပြီး ယခုနှစ် အောက်တိုဘာလပထမပတ်မှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် ၃၀၁၈ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
"ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ မော်လိုက်မြို့နယ်မှာ မြေပဲ ဧက၄၀၀၀ ကျော်လျာထားစိုက်ပျိုးခဲ့တာမှာ ဒီနေမှာတော့ ဧက ၃၀၀၀ ကျော်ထိ စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ လျာထားဧကပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့ ဆောင်ရွက်ပေးနေပါတယ်။ ဆီထွက်သီးနှံ မြေပဲစိုက်ပျိုးမှုအနေနဲ့ကတော့ အောင်မြင်တဲ့ အနေအထားမှာရှိပါတယ်" ဟု မော်လိုက်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ကြွယ်ကြွယ်လှိုင်က ပြောပြသည်။ ပြောပြသည်။
ယခုနှစ် မော်လိုက်မြို့နယ်တွင် မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနိုင်ရေး၊ ပိုးမွှားရောဂါ ကျရောက်မှုမရှိစေရေး၊ ပေါင်းမြက်ကင်းစင်စေရေးအတွက် စိုက်ခင်းများအတွင်း ကွင်းဆင်းစစ်ဆေးပြီး ကင်းထောက်မှတ်တမ်းများ ရယူခြင်းတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်း၍ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
ဆီထွက်သီးနှံမြေပဲကို အထွက်နှုန်း တိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း ဆီစားသုံးမှု ဖူလုံနိုင်မည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိပြီး လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ရာ ဆီထွက်သီးနှံမြေပဲကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးပမ်းကြရမည် ဖြစ်ကြောင်း ခရိုင်ဦးစီးမှူး ဒေါ်ကြွယ်ကြွယ်လှိုင်က ပြောပြ၍ သိရသည်။
ရတနာပုံ
