ပွင့်ဖြူမြို့နယ်၌ ကြက်သွန်နီစိုက်ခင်းဧက ၃၂၀  နုတ်သိမ်းပြီးစီး ၊ တစ်ဧကလျှင် ပိဿာချိန် ၅၀၀၀ ကျော်ထွက်ရှိ

News Image

  • ပွင့်ဖြူမြို့နယ်၌ ကြက်သွန်နီစိုက်ခင်းဧက ၃၂၀  နုတ်သိမ်းပြီးစီး ၊ တစ်ဧကလျှင် ပိဿာချိန် ၅၀၀၀ ကျော်ထွက်ရှိ

ပွင့်ဖြူ   ဖေဖော်ဝါရီ   ၂၆

    မကွေးတိုင်းဒေသကြီး   ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင်  စိုက်ပျိုးခဲ့သော ကြက်သွန်နီစိုက်ခင်းများ အနက် ဧက ၃၂၀ ကိုယခုအခါနုတ်သိမ်းပြီးစီးပြီဖြစ်ရာ တစ်ဧကလျှင် ကြက်သွန်နီ ၅၃၁၂  ပိဿာထွက်ရှိကြောင်း   ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 “ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ  ပွင့်ဖြူမြို့နယ်အတွင်း ကြက်သွန်နီ ၁၁၃၅  ဧကစိုက်ပျိုးနိုင်ခဲ့ပါတယ်။ 

လက်ရှိမှာ  အဆိုပါကြက်သွန်နီစိုက်ခင်းများကို နုတ်သိမ်းလျက်ရှိပြီး ဒီနေ့ထိ ဧက ၃၂၀ နုတ်သိမ်းပြီးစီးပြီဖြစ်ပါတယ်။ ကြက်သွန်နီစိုက်ပျိုးတောင်သူတွေကို  အထွက်နှုန်းတိုးတက်စေဖို့နဲ့  စားသုံးသူ ပြည်သူတွေ     အစားအစာဘေးကင်း လုံခြုံစေဖို့အတွက်  ဒေသနဲ့ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်အောင်၊   ဓာတုကင်းလွတ်တဲ့ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP)စနစ်နဲ့အညီ စိုက်ပျိုးနိုင်အောင်  လိုအပ်တဲ့စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများကို    ပံ့ပိုးကူညီဆောင်ရွက်ခဲ့ပါတယ် ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ပြောသည်။

ထို့ပြင်   မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသည်  ယခုနှစ်ဆောင်းသီးနှံရာသီတွင်    ပွင့်ဖြူမြို့နယ်အတွင်း    ကြက်သွန်နီစိုက်ပျိုး တောင်သူများကို  အထွက်နှုန်းများကောင်းမွန်စေရေး၊ အစားအစာဘေးကင်း လုံခြုံသော အရည်အသွေးကောင်းကြက်သွန်နီများ စိုက်ပျိုးထွက်ရှိရေး စိုက်ပျိုးရေး နည်းပညာဆိုင်ရာ တောင်သူပညာပေး ဆွေးနွေးပွဲများပြုလုပ်ပေးခြင်း၊စိုက်နည်းစနစ်မှန်ကန်စေရေး  ကွင်းသရုပ်ပြပွဲများ ဆောင်ရွက်ခြင်း၊  ပိုးမွှားရောဂါမကျရောက်စေရန် ကာကွယ်နှိမ်နင်းရေး အသိပညာပေးခြင်းများကိုပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ရာ ကြက်သွန်နီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး  ယခင်နှစ်ကထက်အထွက်နှုန်း ပိုမိုကောင်းမွန်ကြောင်း သိရသည်။            

MWD