ပဋိပက္ခများ ပိုမိုပြင်းထန်လာမှုကြောင့် အာရှစတော့စျေးကွက်များ ထိုးဆင်းသွား
အရှေ့အလယ်ပိုင်းဒေသတွင် ပဋိပက္ခများ ပိုမိုနက်ရှိုင်းလာစေသည့် အီရန် နိုင်ငံအပေါ် အမေရိကန်နှင့်အစ္စရေးတို့၏ တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေခြင်းကြောင့် အင်္ဂါနေ့ (မတ် ၃) တွင် အာရှစတော့ စျေးကွက်များ အကြီးအကျယ် ထိုးဆင်းသွားခဲ့သည်။
တိုက်ခိုက်မှုများ စတင်ခဲ့သည့် သီတင်းပတ်ကုန်နောက်ပိုင်း ပထမဆုံး အရောင်းအဝယ်ပြုလုပ်သည့်နေ့တွင် တောင်ကိုရီးယားနိုင်ငံ၏ အဓိက KOSPI အညွှန်းကိန်းမှာ ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ ၈ မိနစ်ခန့်တွင် ၆.၆ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့သည်။ ထို့အတူ ဂျပန်နိုင်ငံ၏ Nikkei 225 အညွှန်းကိန်းမှာ ၃.၂ ရာခိုင်နှုန်းနှင့် ဟောင်ကောင်၏ Hang Seng အညွှန်းကိန်းမှာ ၁ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့သည်။
ကိုးကား- CNN
Photo: Financial Post
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
MM-News-Category
