ကျောက်ဆည်မြို့နယ် ကျေးရွာအုပ်စု ၆ အုပ်စု၌ ဆောင်းနှမ်း ၇၇၇ ဧက စိုက်ပျိုးပြီးဖြစ်

News Image

  • ကျောက်ဆည်မြို့နယ် ကျေးရွာအုပ်စု ၆ အုပ်စု၌ ဆောင်းနှမ်း ၇၇၇ ဧက စိုက်ပျိုးပြီးဖြစ်

ကျောက်ဆည် ဖေဖော်ဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ဆီထွက်သီးနှံစုံစိုက်ပျိုးထားရှိရာ ကျေးရွာ အုပ်စု ၆ အုပ်စု၌ ဆောင်းနှမ်း ၇၇၇ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း  သိရသည်။

အဆိုပါကျေးရွာအုပ်စုများသည် အရှေ့သာဂရ၊ ကလေး၊ မှိုင်းပန်၊ ပြည်တော်သာ၊ ရှမ်းတောင်ဦး၊ ကုလားကျောင်း ကျေးရွာအုပ်စုများဖြစ်ပြီး ဆောင်းနှမ်းများ စိုက်ပျိုးရာ၌ စိုက်ပျိုးရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မြေပြင်ချိန်၌ မြေခံအဖြစ် နွားချေး ၃ စီးနှင့် (၁၅:၁၅:၁၅)ကွန်ပေါင်း ဓာတ်မြေဩဇာ ၀ ဒသမ ၅ အိတ်၊  အပင်သက်တမ်း ၂၀-၂၅ ရက်သား နှင့် ၄၀-၄၅ ရက်သား တို့၌ ပုလဲဓာတ်မြေဩဇာ ၀ ဒသမ၅ အိတ်၊ နှမ်းမျိုးစေ့များအား မစိုက်ပျိုးမီ Trichoderma လူးနယ်၍ နှမ်းဖိုရောဂါ၊ စုပ်စားပိုးနှင့် သီးလုံးဖောက်ပိုးများ ကာကွယ်စေရန် ပင်လုံးပြန့်ဆေးနှင့် အခြားလိုအပ်သည့်ဆေးများဖြန်းပေးခြင်းများ ပြုလုပ်၍ စိုက်ပျိုးကြောင်း  သိရသည်။ 

ကျောက်ဆည်မြို့နယ်မှ နှမ်းစိုက်တောင်သူများသည် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သော ဆင်းရတာ (၄)၊ ဆင်းရတာ(၁၂) မျိုးများနှင့် ကိုင်းဖျာမျိုးများဖြစ်သော မကွေး ၂/ ၁၄၊  မကွေး ၂/ ၁၃၊  ဆင်းရတာ (၁၄) နှမ်းမျိုးများ အဓိထား စိုက်ပျိုးကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 

သက်မောင်(ကျောက်ဆည်