သဲကုန်းမြို့နယ်၌ ဆောင်းသီးနှံ  စိုက်ပျိုးရာသီတွင် စိုက်ပျိုးထားသော မတ်ပဲနှင့်ပဲတီစိမ်းများ စတင်နုတ်သိမ်း

News Image

  • သဲကုန်းမြို့နယ်၌ ဆောင်းသီးနှံ  စိုက်ပျိုးရာသီတွင် စိုက်ပျိုးထားသော မတ်ပဲနှင့်ပဲတီစိမ်းများ စတင်နုတ်သိမ်း

သဲကုန်း   ဖေဖော်ဝါရီ    ၂၇

    ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ်၌ ယခုဆောင်းသီးနှံ စိုက်ပျိုးရာသီတွင်   စိုက်ပျိုးထားသော မတ်ပဲနှင့်ပဲတီစိမ်းများ   စတင်နုတ်သိမ်း နေပြီဖြစ်ကြောင်း သိရသည်။

သဲကုန်းမြို့နယ်အတွင်းရှိ  ဒေသခံတောင်သူများသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာ လ ဒုတိယပတ်မှ မတ်ပဲရေဆင်း (၄) ၂၇၁၁ ဧက၊  ရေဆင်း (၇) ဧက ၁၀၀၀၀၊ TBL-9  ဧက ၂၅၀၀၀၊ ပဲတီစိမ်း(ဩဇီ) ၁၁၂၃ ဧက၊ ရေဆင်း ၅၅၉ ဧက စုစုပေါင်း ၃၉၃၉၃ ဧကစိုက်ပျိုးခဲ့ရာ ယခုအခါ စတင်နုတ်သိမ်း နေပြီဖြစ်သည်။

သဲကုန်းမြို့နယ်  စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များနှင့်  စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ က   တောင်သူများ  မျိုးကောင်းမျိုးသန့် စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းကောင်းမွန် စေရေး၊ ပြည်ပပို့ကုန်တင်ပို့နိုင်ရေး၊ ပန်းတိုင် အထွက်နှုန်းပြည့်မီ ကျော်လွန်စေရေး၊ စိုက်နည်းစနစ်မှန်ကန်စေရေး၊ ပိုးမွှားကျရောက် မှုကင်းရှင်းစေရေး၊  ရွက်ဖျန်းဆေးများ၊ ပိုးသတ်ဆေးများ စနစ်တကျသုံးစွဲတတ် စေရေးအတွက် အသိပညာပေးလုပ်ငန်းများကို   ပံ့ပိုးကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

MWD