လားရှိုးမြို့၌ နွေရာသီအခြေခံ အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိ
လားရှိုး မတ် ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၌အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက် အတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့်ကျန်းမာပျော်ရွှင်ကာ အားကစားကဏ္ဍဖွံ့ဖြိုးပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံ အားကစားသင်တန်းများ အခမဲ့ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။
အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းကို မတ်လ ၁ ရက်မှ ၂၀ ရက်အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး ပြည်ထောင်စုအားကစားကွင်း၌ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ကြက်တောင်၊ စစ်တုရင် အားကစားနည်းတို့ကို သက်ဆိုင်ရာ နည်းပြဆရာများဖြင့် စနစ်တကျလေ့ကျင့် သင်ကြားပေးလျက်ရှိကာ သင်တန်းပြီးဆုံးပါက သင်တန်းဆင်းဂုဏ်ပြု လက်မှတ်များ ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
MWD
