ပွင့်ဖြူမြို့နယ်၌ စားတော်ပဲဧက ၇၀၀ ကျော် ရိတ်သိမ်းပြီးစီး တစ်ဧကလျှင် ၁၆ ဒသမ ၅၃ တင်းခန့်ထွက်ရှိ

News Image

  • ပွင့်ဖြူမြို့နယ်၌ စားတော်ပဲဧက ၇၀၀ ကျော် ရိတ်သိမ်းပြီးစီး တစ်ဧကလျှင် ၁၆ ဒသမ ၅၃ တင်းခန့်ထွက်ရှိ

ပွင့်ဖြူ       မတ်      ၉

      မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံ စိုက်ပျိုးရာသီက   စိုက်ပျိုးခဲ့သော   စားတော်ပဲဧက ၇၀၀ ကျော် ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး   တစ်ဧကလျှင် ၁၆  ဒသမ  ၅၃  တင်းခန့်ထွက်ရှိကြောင်း သိရသည်။ 

ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီက  စားတော်ပဲ ဧက ၃၄၈၀ စိုက် ပျိုးနိုင်ခဲ့ပြီး   အဆိုပါစားတော်ပဲစိုက်ခင်း များကို ယခုနှစ် ဖေဖော်ဝါရီလမှ စတင် ရိတ်သိမ်းခဲ့ရာ လက်ရှိတွင် ဧက ၇၁၀ ရိတ် သိမ်းပြီးစီးပြီဖြစ်ပြီး  တစ်ဧကလျှင်  ၁၆  ဒသမ  ၅၃  တင်းခန့်ထွက်ရှိကြောင်း သိရ သည်။ 

"ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူ မြို့နယ်အတွင်း စားတော်ပဲ ဧက ၃၄၈၀ စိုက်ပျိုးနိုင်ခဲ့ပါတယ်။    အဲဒီစားတော်ပဲ စိုက်ခင်းတွေကို    ဖေဖော်ဝါရီလကစပြီး ရိတ်သိမ်းခဲ့တာ   လက်ရှိမှာ ဧက ၇၁၀ ရိတ်သိမ်းပြီးစီးပြီဖြစ်ပါတယ်။ စားတော်ပဲ ရိတ်သိမ်းတာနဲ့ပတ်သက်ပြီး လေလွင့်ဆုံးရှုံးမှုတွေ မဖြစ်အောင် စနစ်တကျရိတ်သိမ်း ဖို့နဲ့ လိုအပ်တဲ့ရိတ်သိမ်းခြွေလှေ့နည်း စနစ်တွေကိုလည်း ကွင်းဆင်းကြီးကြပ်ဆောင် ရွက်ပေးပါတယ်။  ရိတ်သိမ်းပြီးသီးနှံတွေ ကိုလည်း     အရည်အသွေးကောင်းမွန်အောင် အမိုးအကာအောက်မှာ သေချာ သိမ်းဆည်းနိုင်ဖို့  လိုအပ်တာတွေ  ကူညီဆောင်ရွက်ပေးပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

ပွင့်ဖြူမြို့နယ်၌      စားတော်ပဲစိုက်တောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနမှ   သီးနှံအထွက်နှုန်းတိုးတက်စေရန်   ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ   ရွေးချယ်စိုက်ပျိုးရေး၊   စိုက်ပျိုးရေစနစ် တကျသုံးစွဲရေး၊ မြေဩဇာနှင့် သွင်းအားစု များ    မှန်မှန်ကန်ကန် သုံးစွဲတတ်စေရေး၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေးနှင့် အချိန်မီ သီးနှံရိတ်သိမ်းနည်းပညာများ   စသည့် တောင်သူအသိပညာပေးလုပ်ငန်းများကို  ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့သည်။ 

စားတော်ပဲကို အထွက်နှုန်းတိုးတက် အောင်  စိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက ပြည်တွင်းစားသုံးမှု ဖူလုံစေမည့်အပြင် ပြည်ပသို့ပါ    တင်ပို့ရောင်းချနိုင်သဖြင့် တောင်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သောကြောင့်  တိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း  သိရသည်။             

MWD