ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုဆက်ဖြစ်နေပါက ကမ္ဘာ့စီးပွားရေးအတွက် 'ဆိုးရွားပြင်းထန်သည့် အကျိုးဆက်များ' ကြုံတွေ့ရနိုင်ကြောင်း Aramco သတိပေး

News Image

  • ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုဆက်ဖြစ်နေပါက ကမ္ဘာ့စီးပွားရေးအတွက် 'ဆိုးရွားပြင်းထန်သည့် အကျိုးဆက်များ' ကြုံတွေ့ရနိုင်ကြောင်း Aramco သတိပေး

ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ ကမ္ဘာ့ထိပ်တန်းရေနံတင်ပို့သူဖြစ်သည့် ဆော်ဒီအာရေဗျနိုင်ငံ၏ Aramco ကုမ္ပဏီက အီရန်စစ်ပွဲကြောင့် စွမ်းအင်သယ်ယူပို့ဆောင်ရေးအတွက် အလွန်အရေးပါသည့် ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) တွင် အနှောင့်အယှက်များ ဆက်လက်ဖြစ်ပေါ်နေပါက ကမ္ဘာ့ရေနံဈေးကွက်အတွက် "ဆိုးရွားပြင်းထန်သည့် နောက်ဆက်တွဲဆိုးကျိုးများ" ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးလိုက်သည်။

Aramco ၏ စီအီးအို Amin Nasser က အင်္ဂါနေ့ (မတ် ၁၀) က ပြုလုပ်ခဲ့သော ဝင်ငွေဆိုင်ရာဆွေးနွေးပွဲတွင်ပြောကြားရာ၌ ယခုကဲ့သို့ အနှောင့်အယှက်များ ဆက်လက်ဖြစ်ပေါ်နေခြင်းသည် ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးနှင့် အာမခံကဏ္ဍများကို ထိခိုက်စေရုံသာမက လေကြောင်း၊ စိုက်ပျိုးရေး၊ မော်တော်ကားနှင့် အခြားစက်မှုလုပ်ငန်းများကိုပါ ခြိမ်းခြောက်လာနိုင်ကြောင်း ပြောကြားခဲ့သည်။

"ကမ္ဘာ့ရေနံဈေးကွက်အတွက် ဆိုးရွားပြင်းထန်သည့် နောက်ဆက်တွဲဆိုးကျိုးများ ရှိလာပါလိမ့်မယ် ၊ ဒီအနှောင့်အယှက်တွေ ကြာရှည်လေလေ ကမ္ဘာ့စီးပွားရေးအတွက် သက်ရောက်မှုတွေ ပိုမိုပြင်းထန်လာလေလေ ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့ပြီး လက်ရှိတွင် ကမ္ဘာတစ်ဝန်းတွင် သိုလှောင်ထားရှိသည့် ရေနံစိမ်းနှင့် ရေနံထွက်ပစ္စည်းများ၏ စုစုပေါင်းလက်ကျန်ပမာဏမှာ ငါးနှစ်အတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေကြောင်းလည်း ဖြည့်စွက်ပြောဆိုခဲ့သည်။

ကိုးကား- CNN

Photo: The Cradle

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂