ကြံခင်းမြို့နယ်၌ ငါးသလောက်များ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် ကောင်းမွန်နေ

News Image

  • ကြံခင်းမြို့နယ်၌ ငါးသလောက်များ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် ကောင်းမွန်နေ

ကြံခင်း  မတ်  ၉

      ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင်  ကြံခင်းမြို့နယ်၌  ဒေသထွက်ငါး သလောက်များ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် ကောင်းမွန်နေကြောင်း ကြံခင်းမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးလုပ်ငန်း     လုပ်ကိုင်သူ ဒေါ်ရီရီထွန်း၏ပြောကြားချက်အရ    သိရသည်။

ကြံခင်းမြို့နယ်၌ ယခုနှစ်  မတ်လပထမ ပတ်မှစ၍ လက်ရှိအချိန်ထိ ငါးသလောက်များ ဝယ်လိုအားကောင်းလာပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊   လက်ရှိ အဆိုပါငါးသလောက်များ  တစ်ရက်လျှင် ပိဿာ ၄၅၀၀ အထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

"လက်ရှိ  အရောင်းအဝယ်ဖြစ်နေတဲ့ ငါးသလောက်ကလည်း လတ်ဆတ်မှုနဲ့ အရွယ်အစားပေါ် မူတည်ပြီး ဈေးအပြောင်း အလဲရှိပါတယ်။  လက်ရှိလည်း     ငါး သလောက်တွေ အဝယ်လိုက်နေပါတယ်။  ဒီဘက်ကနေ တင်ပို့တဲ့ငါးသလောက်တွေကို  ဒေသဈေးကွက်က ဒေသတွင်းအပြင်  တခြားဒေသတွေကို       ပြန်လည်တင်ပို့ရောင်းချနေပါတယ်" ဟု ဒေါ်ရီရီထွန်းကပြောသည်။

ကြံခင်းမြို့နယ်၌    အရောင်းအဝယ် ကောင်းမွန်နေသည့်   ငါးသလောက်များသည် အရွယ်အစားပေါ် မူတည်ကာ ဈေး နှုန်းအမျိုးမျိုး သတ်မှတ်ထား‌ကြောင်း သိရသည်။

MWD