အီရန်ပဋိပက္ခရှည်ကြာလာပါက စီးပွားရေးအပေါ် သက်ရောက်နိုင်ခြင်းကြောင့် တင်းမာမှုများကိုလျှော့ချရန် ဗြိတိန်ပြော

News Image

  • အီရန်ပဋိပက္ခရှည်ကြာလာပါက စီးပွားရေးအပေါ် သက်ရောက်နိုင်ခြင်းကြောင့် တင်းမာမှုများကိုလျှော့ချရန် ဗြိတိန်ပြော

အီရန်နိုင်ငံနှင့် ဖြစ်ပွားနေသည့် ပဋိပက္ခ ရှည်ကြာလာပါက စီးပွားရေးအပေါ် ဆိုးကျိုးများ သက်ရောက်နိုင်သောကြောင့် ယင်း နိုင်ငံနှင့်ပတ်သက်သည့် တင်းမာမှုများကို လျှော့ချရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမားက မတ်လ ၉ ရက်တွင် ပြောကြားလိုက်သည်။ 

စတားမားသည် မြို့တော်လန်ဒန်ရှိ လူထု အခြေပြုဗဟိုဌာနတစ်ခုသို့ သွားရောက်စဉ် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ပြီး လက်ရှိ အခြေအနေကို လျှော့ချရန် လိုအပ်ကြောင်း အလေးပေးပြောကြားခြင်း ဖြစ်သည်ဟု ဗြိတိန်သတင်းဌာနကြီးတစ်ခုဖြစ်သည့် The Guardian သတင်းဌာနက ၎င်း၏လူမှု မီဒီယာပေါ်တွင် ဖော်ပြထားသည်။ 

အီရန်ပဋိပက္ခကြာ ရှည်လာသည်နှင့်အမျှ စီးပွားရေးအပေါ်ရိုက်ခတ်မှုများ ပိုမိုရှိလာနိုင်ကြောင်း၊   အဆိုပါပဋိပက္ခက ပိုမိုကြာရှည်လေလေ၊   စီးပွားရေးအပေါ် သက်ရောက်မှုရှိလာနိုင်ခြေ ပိုမိုများပြားလေလေဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြား သည်။

ထို့ပြင် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးဆိုင်ရာ သက်ရောက်မှုများကို ခံနိုင်ရည်ရှိစေရန်အတွက်  ဗြိတိန်အစိုးရအနေဖြင့် လွန်ခဲ့သည့် ၁၈ လအတွင်း စီးပွားရေးကြံ့ခိုင်မှု မြှင့်တင်ရန်  အစီအမံများလုပ်ဆောင် ထားကြောင်းလည်း  ၎င်းကထည့်သွင်း ပြောကြားခဲ့ကြောင်း သိရသည်။

Ref: Xinhua

MWD