ပူတင်နှင့် ထရမ့်တို့အကြားဆွေးနွေးမှုက အီရန်ပဋိပက္ခကိုရပ်တန့်ရန်အထောက်အကူဖြစ်လာနိုင်ဟု ပါလက်စတိုင်းသံအမတ်ပြော
ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့အကြား လုပ်ဆောင်ခဲ့သည့် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးမှုသည် အီရန်ပဋိပက္ခကို ရပ်တန့်ရန် အထောက်အကူ ဖြစ်လာနိုင်ကြောင်း ရုရှားနိုင်ငံဆိုင်ရာ ပါလက်စတိုင်းသံအမတ်ကြီး အက်ဒယ်ဟာဖစ်နိုဖဲက ရုရှားသတင်းဌာနကြီးတစ်ခုသို့ ပြောကြားခဲ့ကြောင်း သိရသည်။
သမ္မတပူတင်နှင့် ထရမ့်တို့နှစ်ဦးသည် မတ်လ ၉ ရက်တွင် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ ဆွေးနွေးမှုများသည် အီရန်နိုင်ငံနှင့် ဖြစ်ပွားနေသည့် စစ်ပွဲကို ရပ်တန့်စေရန်အတွက် အထောက်အကူဖြစ်နိုင်မည်ဟု မျှော်လင့်ကြောင်းနှင့် အမေရိကန် အစိုးရအနေဖြင့်လည်း အီရန်အပေါ် တိုက်ခိုက်မှုများကို အဆုံးသတ်သင့်ကြောင်း ပါလက်စတိုင်း သံအမတ်ကြီး နိုဖဲကဆက်လက်ပြောကြားသည်။
ထို့ပြင် နိုဖဲ၏ပြောကြားချက်အရ အီရန်အပေါ် လုပ်ဆောင်နေသည့် တိုက်ခိုက်မှုများ ပြီးဆုံးသွားပါက ရုရှား၊ တရုတ်နှင့် အခြားနိုင်ငံများ၏ အကူအညီဖြင့် ဖြေရှင်းချက်တစ်ခုရရှိရန် ညှိနှိုင်းဆွေးနွေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
Ref: Ta
MWD
