ထိုင်းနိုင်ငံ၌ ပွန်ဂျေတိုင်းပါတီမှ ဆိုဖွန်ဇာရမ် အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံရ

News Image

  • ထိုင်းနိုင်ငံ၌ ပွန်ဂျေတိုင်းပါတီမှ ဆိုဖွန်ဇာရမ် အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံရ

ထိုင်းနိုင်ငံ၌ ပွန်ဂျေတိုင်းပါတီမှ လွှတ်တော်အမတ်ဖြစ်သည့် ဆိုဖွန်ဇာရမ်သည် မတ်လ ၁၅ ရက်တွင် အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံရကြောင်း သိရသည်။ ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အောက်လွှတ်တော်ဥက္ကဋ္ဌသည် ပြည်ထောင်စုလွှတ်တော်၏ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူရမည်ဖြစ်သည်။

ပြီးခဲ့သည့်လတွင် ထိုင်းနိုင်ငံ၌ အထွေထွေ ရွေးကောက်ပွဲကျင်းပပြီးနောက် မတ်လ ၁၄ ရက်တွင် လွှတ်တော်ကို တရားဝင်စတင်ဖွင့်လှစ်ကာ မတ်လ ၁၅ ရက်တွင် လွှတ်တော်ဥက္ကဋ္ဌရာထူးကို ရွေးချယ်တင်မြှောက်ခြင်းဖြစ်သည်။

ဆိုဖွန်ဇာရမ်သည်   ပြည်သူ့ပါတီမှလွှတ်တော်အမတ် ပရစ်ဝါချာရာဆင်ဒူနှင့်ယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်ပြီး ထောက်ခံမဲ ၂၈၉ မဲရရှိကာ အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံရခြင်းဖြစ်ကြောင်း  ခေတ္တအောက်လွှတ်တော်ဥက္ကဋ္ဌ    ပိုင်ရို့လိုဆန်သွန်းက ကြေညာသည်။

ဆိုဖွန်ဇာရမ်သည် ပွန်ဂျေတိုင်းပါတီသို့၂၀၀၈ ခုနှစ်တွင် ဝင်ရောက်ပြီး ၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ပို့ဆောင်ရေးဝန်ကြီး အဖြစ် တာဝန်ယူခဲ့သည့်အပြင် ၂၀၂၅ ခုနှစ်စက်တင်ဘာလမှစ၍ ထိုင်းနိုင်ငံအိမ်စောင့် အစိုးရအဖွဲ့၌ ဒုတိယဝန်ကြီးချုပ် တာဝန်ထမ်းဆောင် ခဲ့သူဖြစ်ကြောင်း သိရသည်။

Ref: Xinhua