အင်ဒိုနီးရှားနိုင်ငံတွင် လောင်စာဆီဈေးနှုန်း မမြင့်မလာဟု အစိုးရ အတည်ပြု
အင်ဒိုနီးရှားနိုင်ငံတွင် လောင်စာဆီဈေးနှုန်းများ မြင့်တက်လာမည်ဟူသော သတင်းမှားများ ပြည်သူများအကြား ပျံ့နှံ့လာစဉ် အစိုးရက မတ်လ ၃၁ ရက်တွင် အတည်ပြုထုတ်ပြန်ထားကြောင်း သိရသည်။ အစိုးရအနေဖြင့် ၎င်းတို့ထောက်ပံ့ကူညီမှုရှိသည့်လောင်စာဆီနှင့် အထောက်အပံ့မပါသောလောင်စာဆီ နှစ်မျိုးစလုံးအတွက် ဈေးနှုန်းတိုးမြှင့်မည်မဟုတ်ဟု ထုတ်ပြန်ခဲ့သည်။
နိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီကြီး Pertamina အနေဖြင့် လက်ရှိ လောင်စာဆီဈေးနှုန်းများကို ပြင်ဆင်သတ်မှတ်မည်မဟုတ်ကြောင်းနှင့် နိုင်ငံအတွင်းလောင်စာဆီဈေးနှုန်းများ အဆမတန်မြင့်တက်လာမည်ဟူသော ကောလာဟလများကို အစိုးရက ပယ်ချခဲ့ကြောင်း သိရသည်။
ထို့အပြင် လောင်စာဆီရရှိနိုင်မှုအာမခံချက်ရှိပြီး ဈေးနှုန်းကိုလည်း ပြောင်းလဲမည်မဟုတ်သဖြင့် ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှု သို့မဟုတ် အထိတ်တလန့်ဖြစ်ရန်မလိုအပ်ကြောင်း အစိုးရက ဆက်လက်အသိပေးထားသည်။
Ref: Xinhua
MWD
