သာပေါင်းမြို့နယ်၌ ဆောင်းသီးနှံ စိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော မတ်ပဲ ဧက ၄၇၀၀ ကျော် ရိတ်သိမ်းပြီးစီး
သာပေါင်း ဧပြီ ၂
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် သာပေါင်း မြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့ သော မတ်ပဲ ဧက ၄၇၀၀ ကျော် ရိတ်သိမ်းပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
သာပေါင်းမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီက မတ်ပဲ ၁၆၅၇၁ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အဆိုပါ စိုက်ပျိုးခဲ့သောမတ်ပဲများကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်က စတင်ရိတ်သိမ်းခဲ့ရာ လက်ရှိတွင် ၄၇၁၅ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
''သာပေါင်းမြို့နယ်မှာ ဆောင်းသီးနှံစိုက်ပျိုးရာသီ က မတ်ပဲ ၁၆၅၇၁ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ မတ်ပဲတွေကို ရိတ်သိမ်းနေတာ လက်ရှိမှာ ၄၇၁၅ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ပါတယ်။ စိုက်ပျိုးတဲ့သီးနှံ တွေကောင်းမွန်စေဖို့ စိုက်ပျိုးနည်းစနစ်နဲ့ တခြား လိုအပ်တာတွေကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန အနေနဲ့ စိုက်ပျိုးရာသီအမီ ဆောင်ရွက်ပေးခဲ့ပါတယ်။ မတ်ပဲတွေ လျာထားချက်ပြည့်မီအောင်စိုက်ပျိုးနိုင်ဖို့ ဒေသခံတောင်သူတွေနဲ့ မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့ ပူးပေါင်းဆောင်ရွက်ခဲ့တာ ပါ'' ဟု ပုသိမ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်အေးအေးမူကပြောသည်။
သာပေါင်းမြို့နယ်၌ ရိတ်သိမ်းပြီးဖြစ်သော မတ်ပဲ တစ်ဧကလျှင် ၂၂ ဒသမ ၇၃ တင်းခန့် ထွက်ရှိကြောင်း၊ အဆိုပါမတ်ပဲများအပါအဝင် ဆောင်းသီးနှံများ အထွက်နှုန်းကောင်းမွန်ကာ အရည်အသွေးကောင်းမွန်ကြောင်း သိရသည်။
MWD
