ရိကန်ကိုယ်စားလှယ်များနှင့် ဆွေးနွေးမည်ဟူသော သတင်းကို အီရန်ငြင်းဆို

News Image

  • ရိကန်ကိုယ်စားလှယ်များနှင့် ဆွေးနွေးမည်ဟူသော သတင်းကို အီရန်ငြင်းဆို

အမေရိကန်ကိုယ်စားလှယ်များနှင့် ဆွေးနွေးမည်ဟူသော သတင်းကို အီရန်ငြင်းဆို

အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ် အာရက်ချီ၏ ပါကစ္စတန်နိုင်ငံခရီးစဉ်အတွင်း အမေရိကန်အစိုးရနှင့် ဆွေးနွေးမှုအသစ်ပြုလုပ်မည်ဟူသော သတင်းများကို အီရန်အစိုးရက ဧပြီ ၂၅ ရက်တွင် ငြင်းဆိုခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကိုယ်စားလှယ်များဖြစ်သည့် စတိဝစ်ကော့နှင့် ဂျရတ်ကုရှနာတို့ကို ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပါကစ္စတန်သို့ စေလွှတ်မည်ဟူသော သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် အီရန်ဘက်က ယခုကဲ့သို့ တုံ့ပြန်ခြင်းဖြစ်သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးဘာကေးအီက ခရီးစဉ်အတွင်း အမေရိကန်နှင့် တွေ့ဆုံမှုမရှိကြောင်း၊ အီရန်၏ သဘောထားများကို ပါကစ္စတန်အစိုးရထံသာ တင်ပြမည်ဖြစ်ကြောင်း ပြောကြားသည်။

နိုင်ငံခြားရေးဝန်ကြီး၏ ပါကစ္စတန်၊ အိုမန်နှင့် ရုရှားနိုင်ငံခရီးစဉ်များသည် ဒေသတွင်းအခြေအနေများနှင့် နှစ်နိုင်ငံဆိုင်ရာကိစ္စရပ်များကို မဟာမိတ်နိုင်ငံများနှင့် ညှိနှိုင်းရန်ဖြစ်ကြောင်းနှင့် သံတမန်ရေးအရ ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အီရန်သတင်းဌာနများက ဖော်ပြထားသည်။

အမေရိကန်ဘက်တွင်မူ ကိုယ်စားလှယ်နှစ်ဦးကို အစ္စလာမ်မာဘတ်သို့ စေလွှတ်ရန် စီစဉ်ထားပြီး ဆွေးနွေးမှုတိုးတက်မှုရှိပါက ဒုတိယသမ္မတ ဂျေဒီဗန့်ကိုပါ ထပ်မံစေလွှတ်ရန် အသင့်ပြင်ထားကြောင်း သိရသည်။

MWD