ကော်ဖီကိုပုံမှန်သောက်သုံးခြင်းက အစာခြေစနစ်နှင့် ဦးနှောက်ကျန်းမာရေးကို အထောက်အကူပြုနိုင်
ဒပ်ဘလင် ဧပြီ ၂၇
ကော်ဖီပုံမှန်သောက်သုံးမှုသည် အစာခြေစနစ်နှင့် ဦးနှောက်ကျန်းမာရေးကို အထောက်အကူပြုနိုင်ကြောင်း သုတေသနပညာရှင်များ၏ အဆိုကိုကိုးကား၍ ဧပြီ ၂၆ ရက် သတင်းများအရ သိရသည်။
အိုင်ယာလန် သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ကဖင်းဓာတ်ဖယ်ထုတ်ထားသော ကော်ဖီနှင့် ကဖင်းဓာတ်ပါ ကော်ဖီ နှစ်မျိုးစလုံးသည် အစာခြေလမ်းကြောင်းစနစ်ဘက်တီးရီးယားများအပေါ် အပြုသဘောအကျိုးသက်ရောက်မှုရှိကြောင်း သိရသည်။
အိုင်ယာလန် သုတေသပညာရှင်သည် လူပေါင်း ၆၂ ဦးတို့၏ စိတ်ကျန်းမာရေးအခြေအနေနှင့် အစာစားသုံးမှုပုံစံတို့ကို နှိုင်းယှဉ်ကာ ဆီးနမူနာယူပြီး လေ့လာခဲ့ကြသည်။
လေ့လာချက်မှ ပေါ်ထွက်လာသည့် ရလဒ်များအရ ကော်ဖီကို ပုံမှန်သောက်သုံးသူများ၌ စိတ်ဖိအားဝင်နိုင်ခြေ၊ စိတ်ကျဝေဒနာဝင်နိုင်ခြေများ သိသိသာသာကျဆင်းသွားသည်ကို တွေ့ရကြောင်း သိရသည်။
အထူးသဖြင့် ကော်ဖီပုံမှန်သောက်သုံးသူများ၏ အစောခြေလမ်းကြောင်းစနစ်တွင် Egger-tella & Cryptobacterium Gertum အပါအဝင် အကျိုးပြုဘက်တီးရီးယားများ စုစည်းမှုအဆင့်မြင့် တက်နေတတ်သည်ကိုတွေ့ရကြောင်း၊ ထို့ပြင် ဆိုးကျိုးပြုနိုင်သည့် ဘက်တီးရီးယားများကို ရှင်းလင်းဖယ်ရှားရာ၌ အထောက်အကူပြုကြောင်း အိုင်ယာလန် သုတေသနပညာရှင်များက ပြောကြားသည်။
ရတနာပုံ
Photo: Healthline
