အီရန်စစ်ပွဲနှင့်ပတ်သက်၍ ရက်ပေါင်း ၆၀ သတ်မှတ်ချက်နှင့် ရင်ဆိုင်နေရသည့် ထရမ့်အစိုးရက စစ်ပွဲပြီးဆုံးသွားပြီဟုတုံ့ပြန်

News Image

  • အီရန်စစ်ပွဲနှင့်ပတ်သက်၍ ရက်ပေါင်း ၆၀ သတ်မှတ်ချက်နှင့် ရင်ဆိုင်နေရသည့် ထရမ့်အစိုးရက စစ်ပွဲပြီးဆုံးသွားပြီဟုတုံ့ပြန်

အီရန်စစ်ပွဲနှင့်ပတ်သက်၍ ရက်ပေါင်း (၆၀) ကန့်သတ်ချက်နှင့် ရင်ဆိုင်နေရသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က အဆိုပါစစ်ပွဲသည် ဧပြီလအစောပိုင်းတွင် စတင်ခဲ့သည့် အပစ်အခတ်ရပ်စဲရေးကြောင့် ပြီးဆုံးသွားပြီဖြစ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။

အဆိုပါထုတ်ပြန်ချက်သည် စစ်ရေးလှုပ်ရှားမှုများအတွက် လွှတ်တော်၏ ခွင့်ပြုချက်ရယူရမည့်ကာလကို ရှောင်လွှဲရန် ရည်ရွယ်သည်ဟုလည်း သုံးသပ်မှုများရှိသည်။

၁၉၇၃ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် စစ်ပွဲဆိုင်ရာလုပ်ပိုင်ခွင့်ဥပဒေအရ သမ္မတသည် လွှတ်တော်၏ ခွင့်ပြုချက်မရှိဘဲ စစ်ရေးလှုပ်ရှားမှုများကို ရက်ပေါင်း (၆၀) ထက်ကျော်လွန် ဆောင်ရွက်ခွင့်မရှိပေ။ အဆိုပါသတ်မှတ်ရက်သည် မေလ ၁ ရက်တွင် ပြည့်မြောက်ခဲ့သည်။

သို့သော် ကာကွယ်ရေးဝန်ကြီးက အပစ်အခတ်ရပ်စဲရေးကြောင့် စစ်ပွဲသည် ရပ်တန့်သွားပြီးဖြစ်သဖြင့် လွှတ်တော်ခွင့်ပြုချက်ကိစ္စကိုလည်း ဆိုင်းငံ့ထားနိုင်ကြောင်း အထက်လွှတ်တော်၌ ထွက်ဆိုခဲ့သည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၈ ရက်မှ စတင်ခဲ့သည့် တိုက်ခိုက်မှုများသည် ဥပဒေအရ ပြီးဆုံးသွားပြီဖြစ်ကြောင်း အစိုးရအဆင့်မြင့်အရာရှိတစ်ဦးကလည်း ပြောကြားခဲ့သည်။ ဧပြီလ ၇ ရက်မှစတင်သည့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးအပြီး အမေရိကန်နှင့် အီရန်အကြား တိုက်ခိုက်မှုများ မရှိတော့ကြောင်းလည်း သိရသည်။

Ref: SCMP

MWD