အီရန်သို့ ဟော်မုရေလက်ကြား ဖြတ်သန်းခပေးသူများကို အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မည်
အီရန်နိုင်ငံသို့ ဟော်မုရေလက်ကြား ဖြတ်သန်းခပေးနေသည့် သင်္ဘောကုမ္ပဏီများကို ဒဏ်ခတ်ပိတ်ဆို့သွားမည်ဟု အမေရိကန်အစိုးရက သတိပေးလိုက်သည်။
ဖေဖော်ဝါရီလနှောင်းပိုင်းမှစတင်၍ အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် ထိုရေလက်ကြားမှာ ပိတ်ဆို့နေပြီး အီရန်၏ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ထိန်းချုပ်ထားသည့် လမ်းကြောင်းတစ်ခုတည်းမှသာ သင်္ဘောများကို ဖြတ်သန်းခပေး၍ သွားလာခွင့်ပြုနေခြင်းဖြစ်သည်။
အနည်းဆုံး သင်္ဘောနှစ်စင်းက ဒေါ်လာ ၁ သန်းမှ ၂ သန်းကြားတန်ဖိုးရှိသည့် ယွမ်ငွေဖြင့် ဖြတ်သန်းခပေးချေကြောင်း သတင်းများ ထွက်ပေါ်နေစဉ် အမေရိကန်နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံးက ယင်းသို့ ငွေပေးချေမှုများသည် ပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ရင်ဆိုင်ရမည်ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထိုရေလက်ကြားတစ်ဝိုက်တွင် သင်္ဘောအစင်းရေ ၂၀၀၀ ခန့်နှင့် သင်္ဘောသားဦးရေ ၂၀၀၀၀ ခန့် ပိတ်မိနေပြီး စားနပ်ရိက္ခာပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရသည်။
သမ္မတ ဒေါ်နယ်ထရမ့်က ကြားနေသင်္ဘောများ ရေလက်ကြားမှ လွတ်လပ်စွာ ဖြတ်သန်းနိုင်ရေးအတွက် Project Freedom စစ်ဆင်ရေး စတင်ကြောင်း ကြေညာထားပြီး ယင်းစစ်ဆင်ရေးတွင် စစ်သည် ၁၅၀၀၀၊ ဖျက်သင်္ဘောများနှင့် လေယာဉ်အစင်း ၁၀၀ ကျော်တို့ဖြင့် ကူညီပေးမည်ဟု သိရသည်။
Ref: RT
MWD
