ဂျာမနီနိုင်ငံတွင် နာဇီဝါဒကင်းစင်ရေးလုပ်ငန်းစဉ် အောင်မြင်မှုမရှိခဲ့ကြောင်း ရုရှား လုံခြုံရေးကောင်စီအကြီးအကဲ ဝေဖန်

News Image

  • ဂျာမနီနိုင်ငံတွင် နာဇီဝါဒကင်းစင်ရေးလုပ်ငန်းစဉ် အောင်မြင်မှုမရှိခဲ့ကြောင်း ရုရှား လုံခြုံရေးကောင်စီအကြီးအကဲ ဝေဖန်

ဒုတိယကမ္ဘာစစ်အပြီး ဂျာမနီနိုင်ငံတွင် နာဇီဝါဒအမြစ်ပြတ်စေရေး ရှင်းလင်းသည့်လုပ်ငန်းစဉ် (Denazification) မှာ တစ်ခါမျှ ပြီးဆုံးအောင်မြင်ခဲ့ခြင်း မရှိကြောင်း ရုရှားလုံခြုံရေးကောင်စီအကြီးအကဲ ဒီမီထရီ မက်ဗီဒက်ဗ်က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်သည်။

နာဇီဂျာမနီကို အောင်နိုင်ခြင်း ၈၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ်ရေးသားသည့် ၎င်း၏ဆောင်းပါးတွင် အနောက်အင်အားကြီး နိုင်ငံများသည် နာဇီစစ်ရာဇဝတ်မှုကျူးလွန်သူများကို အပြစ်ပေးမည့်အစား ၎င်းတို့ကို အကာအကွယ်ပေးကာ အသုံးချခဲ့ကြကြောင်း၊ အထူးသဖြင့် စစ်ဘက် စီးပွားရေးခေါင်းဆောင်များနှင့် နာဇီထိပ်သီးပိုင်းများကို လွှတ်ပေးပြီးအောက်ခြေအဆင့်များကိုသာ အရေးယူပြသည့် ဟန်ပြလုပ်ရပ်များသာ လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာ ကလည်း အနောက်နိုင်ငံအချို့သည် ဒုတိယကမ္ဘာစစ်၏ ရလဒ်များနှင့် နျူရင်ဘတ်ခုံရုံး၏ ဆုံးဖြတ်ချက်များကို လက်ခံရန်ငြင်းဆန်နေကြပြီး ဆိုဗီယက်ယူနီယံ၏ အောင်ပွဲကို ပြင်ဆင်ရမည့် အမှားတစ်ခုအဖြစ် ရှုမြင်နေကြသည်ဟု ဆိုသည်။ 

ထို့ပြင် ရုရှားနိုင်ငံခြားထောက်လှမ်းရေးဌာန (SVR) ကလည်း လက်ရှိ ဂျာမနီ အစိုးရအတွင်း၌ပင် နာဇီခေတ် နာကျည်းချက်များအပေါ်အခြေခံ၍ ရုရှား အပေါ် လက်စားချေလိုသည့် စိတ်ဓာတ်များရှိနေကြောင်း ထောက်ပြထားသည်။

အနောက်အုပ်စုအနေဖြင့် သမိုင်းကိုပုံဖျက်ရန် ကြိုးပမ်းနေကြောင်းနှင့် ဇီဝါဒအကြွင်းအကျန်များကို ဆက်လက်ရှင်သန်ခွင့်ပေးထားခြင်းကြောင့် မျိုးဆက်သစ်များအထိ အန္တရာယ်ရှိနေကြောင်း မော်စကိုက သတိပေးစွပ်စွဲထားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး