မန်ယူအသင်းက ချန်ပီယံလိဂ်ဝင်ခွင့်ရရှိပြီးနောက် တိုက်စစ်မှူး ဟယ်ရီကိန်းအား ခေါ်ယူရန် စတင်ကြိုးပမ်း

News Image

  • မန်ယူအသင်းက ချန်ပီယံလိဂ်ဝင်ခွင့်ရရှိပြီးနောက် တိုက်စစ်မှူး ဟယ်ရီကိန်းအား ခေါ်ယူရန် စတင်ကြိုးပမ်း

မန်ချက်စတာ၊ မေ ၅ — မန်ယူအသင်းသည် လာမည့်ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်ရရှိရန် သေချာပြီးနောက် ဘိုင်ယန်မြူးနစ်အသင်း၏ တိုက်စစ်မှူး ဟယ်ရီကိန်းအား ခေါ်ယူရန် စတင်ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

ဟယ်ရီကိန်းသည် ဘိုင်ယန်မြူးနစ်အသင်းနှင့် ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသော်လည်း စာချုပ်ပါအချက်အလက်များအရ လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ပြောင်းရွှေ့လိုသည့်အသင်းသို့ စတာလင်ပေါင် ၆၅ သန်းဖြင့် ပြောင်းရွှေ့ကစားနိုင်မည့် အချက် ပါဝင်နေခြင်းကြောင့် အသင်းမှ ထွက်ခွာဖွယ်ရှိနေသည်။

မန်ယူအသင်းသည် ဟယ်ရီကိန်းကို စပါးအသင်းတွင် ကစားစဉ်ကတည်းက ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးသော်လည်း မအောင်မြင်ခဲ့ဘဲ ဟယ်ရီကိန်းက ဘိုင်ယန်မြူးနစ်အသင်းသို့သာ ပြောင်းရွှေ့ကစားရန် ဆုံးဖြတ်ခဲ့သည်။ ယခုအခါတွင် ဒုတိယအကြိမ်အဖြစ် ထပ်မံကြိုးပမ်းနေခြင်းဖြစ်သည်။

ဟယ်ရီကိန်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်မည့် မှတ်တမ်းတစ်ရပ်အတွက် ပြန်လည်ဝင်ရောက်ကစားလိုသည့် ဆန္ဒရှိနေခြင်းကြောင့် မန်ယူအသင်းက ခေါ်ယူရန် စိတ်ဝင်စားနေခြင်းဖြစ်သည်။

ဟယ်ရီကိန်းသည် ယခုဘောလုံးရာသီတွင် ပြိုင်ပွဲစုံ ၅၂ ပွဲကစားပြီးချိန်တွင် ၅၇ ဂိုးအထိ သွင်းယူထားနိုင်ကြောင်း သိရသည်။

Ref: Transfer News

MWD