၂၀၂၆ ခုနှစ် ပဲခူးတိုင်းဒေသကြီး နွေရာသီအဆင့်မြင့် အားကစားသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

News Image

  • ၂၀၂၆ ခုနှစ် ပဲခူးတိုင်းဒေသကြီး နွေရာသီအဆင့်မြင့် အားကစားသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ပဲခူး မေ ၇

      ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီး မိုးလုံလေလုံအားကစား ခန်းမ၌ ယနေ့နံနက်ပိုင်းတွင်  ၂၀၂၆ ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်သော  နွေရာသီအဆင့်မြင့် အားကစားသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သင်တန်းသားများအနေဖြင့်  ယခုနွေရာသီအဆင့်မြင့်အားကစား သင်တန်းမှ သင်ကြားပေးလိုက်သည့်  မိမိတို့ဝါသနာပါရာ အားကစားနည်းများကို ဆက်လက်၍ စဉ်ဆက်မပြတ် လေ့ကျင့်၊ လေ့လာခြင်းအားဖြင့် တိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမားများ  ပေါ်ထွက်လာနိုင်မှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်    ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းနည်းပြဆရာ/ဆရာမ ၃၂ ဦးအတွက် ဂုဏ်ပြုငွေကျပ်(၃၂)သိန်းအား ပေးအပ်ပြီး ဘောလုံးသင်တန်းနှင့် အေရိုးဗစ်သင်တန်းတို့အတွက် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

ယင်းနောက်  အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကြံ့ခိုင်ရေးအက၊ လက်ဝှေ့၊ တင်းနစ်၊ ဘတ်စကက်ဘော၊   ကြက်တောင်၊ ကရာတေး၊ Fitness Dance သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကြကြောင်း သိရသည်။

MWD