အစာခြေလမ်းကြောင်းစနစ် ဘက်တီးရီးယားများကြောင့် အူမကြီးကင်ဆာရောဂါ မည်သို့ဖြစ်ပွားနိုင်သည်ကို သုတေသနပညာရှင်များက ဖော်ထုတ်တွေ့ရှိထား
နယူးယောက် မေ ၁၀
အစာခြေလမ်းကြောင်းစနစ် ဘက်တီးရီးယားများကြောင့် အူမကြီးကင်ဆာရောဂါ မည်သို့ဖြစ်ပွားနိုင်သည်ကို အမေရိကန် သုတေသနပညာရှင်များက ဖော်ထုတ်တွေ့ရှိထားကြောင်း မေ ၉ ရက် သတင်းများတွင် ရေးသားဖော်ပြထားသည်။
သုတေသနပညာရှင်များ၏ အဆိုအရ Bacteroids Fragilis ခေါ် အစာခြေလမ်းကြောင်းစနစ် ဘက်တီးရီယားတစ်မျိုးသည် အူမကြီးကို ထိခိုက်ပျက်စီးစေသော အဆိပ်ဓာတ်တစ်မျိုး ထုတ်ပေးခြင်းဖြင့် အူမကြီးကင်ဆာဆဲလ်များ ဖွဲ့စည်းဖြစ်ပေါ်မှုကို စေ့ဆော်ပေးတတ်ကြောင်း သိရသည်။
Bacteroids Fragilis ဘက်တီးရီးယားသည် အဆိပ်ဓာတ်လွှတ်၍ အူမကြီးကိုမတိုက်ခိုက်မီ Claudin-4 ပရိုတင်းကို ဦးစွာတွယ်ကပ်ရန်လိုအပ်ကြောင်း အမေရိကန် သုတေသန ပညာရှင်များက ပြောကြားထားသည်။
မိမိတို့၏ လေ့လာတွေ့ရှိချက်သည် အူမကြီးကင်ဆာရောဂါနှင့် ဆက်စပ်ရောဂါများကို ဖော်ထုတ်ကုသရေးအတွက် နည်းလမ်းသစ်များ ပေါ်ထွက်လာနိုင်သည်ဟု အမေရိကန် သုတေသနပညာရှင်များက ပြောကြားကြောင်း သိရသည်။
Bacteroids Fragilis ဘက်တီးရီးယားများသည် ကျန်းမာရေးကောင်းမွန်သူ ၂၀ ရာခိုင်နှုန်းတွင် ရှိတတ်သော ဘက်တီးရီးယားဖြစ်ကြောင်း သိရသည်။
ရတနာပုံ
Photo: Johns Hopkins Medicine
