ဟန်တာဗိုင်းရပ်ကာကွယ်ဆေး ဖန်တီးရန် နိုင်ငံတကာဆေးပညာရှင်များက ကြိုးပမ်းနေ
လန်ဒန် မေ ၁ဝ
ဟန်တာဗိုင်းရပ်(Hantavirus) ခေါ် ဗိုင်းရပ်တစ်မျိုးအတွက် ကာကွယ်ဆေးဖန်တီးရန် နိုင်ငံတကာ ဆေးပညာရှင်များက ကြိုးပမ်းနေကြောင်း မေ ၉ ရက် သတင်းများအရ သိရသည်။
နယ်သာလန် ခရီးသည်တင် ဇိမ်ခံသင်္ဘောတစ်စီးပေါ်၌ ဟန်တာ ဗိုင်းရပ်ကူးစက်မှုကြောင့် လူပေါင်း သုံးဦး သေဆုံးခဲ့ရပြီးနောက် ဟန်တာဗိုင်းရပ်ကာကွယ်ဆေးကို ဖန်တီးရန် ဗြိတိန်သုတေသနပညာရှင်များဦးဆောင်သည့် နိုင်ငံတကာဆေးပညာရှင်များက ကြိုးပမ်းနေခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ဘတ် တက္ကသိုလ်မှ ဗြိတိန်သုတေသနပညာရှင်များသည် ဟန်တာဗိုင်းရပ် ပဋိပစ္စည်းတစ်မျိုးကို ဖန်တီး၍ တိရစ္ဆာန်များဖြင့် စတင်စမ်းသပ်နေကြောင်း သိရသည်။
သို့ရာတွင် ဟန်တာဗိုင်းရပ် ကာကွယ်ဆေးကို သုံးစွဲခွင့်မရမီ လူနာများဖြင့် လက်တွေ့စမ်းသပ်မှုအပါအဝင် စမ်းသပ်မှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ရဦးမည်ဖြစ်ကြောင်း သုတေသနပညာရှင်များက ပြောကြားထားသည်။
ယခုလအတွင်း အမ်ဗွီဟွန်ဒီးရပ်စ်အမည်ရှိ ခရီးသည်တင်ဇိမ်ခံသင်္ဘောပေါ်၌ ဟန်တာဗိုင်းရပ် ကူးစက်မှုပြဿနာဖြစ်ပွားခဲ့ပြီးနောက် ဟန်တာဗိုင်းရပ်အန္တရာယ်ကို နိုင်ငံတကာက အာရုံစိုက်လာခဲ့ကြကြောင်း သိရသည်။
ရတနာပုံ
