ပြင်ဦးလွင် လူရည်ချွန်စခန်း စခန်းသိမ်း မီးပုံပွဲကျင်းပ

News Image

  • ပြင်ဦးလွင် လူရည်ချွန်စခန်း စခန်းသိမ်း မီးပုံပွဲကျင်းပ

ပြင်ဦးလွင် မေ ၁၀

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ပြင်ဦးလွင်လူရည်ချွန်စခန်း စခန်းသိမ်းမီးပုံပွဲကို ယမန်နေ့ ည ၇ နာရီက ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (BE-Falls) ၌ ကျင်းပသည်။

 

အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူရည်ချွန်ကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ဦးစွာ လူရည်ချွန်စခန်း စခန်းသိမ်းအောင်ပွဲ အထိမ်းအမှတ် မီးပုံးငယ် အလုံး ၁၀၀ လွှင့်တင်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကား ပြောသည်။ ထို့နောက် လူရည်ချွန်ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးနှင့်ဇနီးတို့က လူရည်ချွန်မောင်မယ်များအား ဒေသထွက်လက်ဆောင်များ အမှတ်တရ ပေးအပ်သည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ လူရည်ချွန်ကြီးများနှင့် လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် မီးပုံပွဲအား အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)

MDN