အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀)မှ သင်တန်းသား သင်တန်းသူများ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းသမိုင်းပြခန်းသို့ လေ့လာ
နေပြည်တော် မေ ၁၀
ကျောင်းသား ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များအား နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း အသိပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊ မိမိ ဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် လေကြောင်း ပညာကျွမ်းကျင်သော အနာဂတ် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်၌ အခြေခံ လေကြောင်းလူငယ် သင်တန်းအမှတ်စဉ်(၁၀)ကို ဧပြီ ၂၇ ရက်မှ စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့် သင်ကြားပေးလျက်ရှိသည်။
အဆိုပါ လေကြောင်းလူငယ် သင်တန်းများမှ သင်တန်းသား သင်တန်းသူများသည် ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တိုင်းသမိုင်းပြခန်းသို့ လာရောက်လေ့လာကြရာ တိုင်းသမိုင်းပြခန်းမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြ ပြီး သင်တန်းသား သင်တန်းသူများ၏ သိရှိလိုသည်များ မေးမြန်းမှုများကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
MDN
