ပေါက်ခေါင်းမြို့နယ်၌ နွေစပါးစိုက်ပျိုးထားရှိမှု ကွင်းဆင်းကြည့်ရှု

News Image

  • ပေါက်ခေါင်းမြို့နယ်၌ နွေစပါးစိုက်ပျိုးထားရှိမှု ကွင်းဆင်းကြည့်ရှု

ပေါက်ခေါင်း မေ ၁၀

 

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမကဏ္ဍမှ ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် တစ်ဧကလျှင် ငွေကျပ် ၂ ဒသမ ၅ သိန်းနှုန်းနှင့်ညီမျှသော မျိုးနှင့် သွင်းအားစုများ ပံ့ပိုးရယူဆောင်ရွက် လျက်ရှိသည့် ဝက်တိုးကျေးရွာ အသင်းသား တောင်သူ ဦးသိန်းဦး၏ လယ်မြေတွင် စိုက်ပျိုးထားသော ရေဆင်းပေါ်ဆန်း-၂ စပါးစိုက်ခင်းအား သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် မြို့နယ်အသင်းစုတို့မှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်

MDN