ဒုတိယဝန်ကြီး ဒေါက်တာ ရဲတင့်ထွန်း နွေစပါးစိုက်တောင်သူများနှင့်တွေ့ဆုံ သစ်စိမ်းမြေဩဇာများ ထောက်ပံ့ပေးအပ်
နေပြည်တော် မေ ၁၀
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲတင့်ထွန်းသည် မေ ၈ ရက်က ပဲခူးတိုင်းဒေသကြီးရွှေတောင်မြို့ ကြို့ကုန်းကျေးရွာအုပ်စုနှင့် ကြို့ပင်ကောက်မြို့နယ် အောင်ပင်သာကျေးရွာမှ နွေစပါး စိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပြီး တောင်သူများအား သစ်စိမ်းမြေဩဇာပြုလုပ်ရန် ပိုက်ဆံလျှော်မျိုးစေ့များ ထောက်ပံ့ပေးအပ်ကာ ရေဆင်းပေါ်ဆန်း-၁ မျိုးသန့်မျိုးပွား မျိုးစေ့ထုတ် စိုက်ခင်းနှင့် နွေစပါးအောင်နိုင်တိုး ဧက ၃၀ စံပြကွက်အား စုပေါင်း မြေဩဇာကြဲပက်ပွဲကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်မြို့ရှိ သာလီစွသဘာဝမြေဩဇာထုတ်လုပ်ငန်း၊ အုတ်ဖိုမြို့နယ်ရှိ ဒီကို (Deko) အမှတ်တံဆိပ် အဆင့်မြင့် စူပါဘိုကာရှီ သဘာဝမြေဩဇာ ထုတ်လုပ်မှုလုပ်ငန်းများကို ကြည့်ရှုပြီး သာယာဝတီမြို့၌ Rice Export Zone စီမံကိန်းတွင် ပါဝင်ဆောင်ရွက်သည့် တောင်သူများနှင့် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးကာ သစ်စိမ်းမြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
MDN
