အောင်လံမြို့၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID နံပါတ်များ ထုတ်ပေး

News Image

  • အောင်လံမြို့၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID နံပါတ်များ ထုတ်ပေး

အောင်လံ မေ ၁၇

 

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်နေသည့် “လမင်းစီမံချက် အရ အသက် (၁၀) နှစ်ပြည့်နှင့် အသက် (၁၈) နှစ်ပြည့်သူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID နံပါတ်များ (One Stop Service) ဖြင့် ထုတ်ပေးသည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းက အောင်လံမြို့ အောင်မြေရွှေဝါခန်းမ၌ ပြုလုပ်သည်။

 

ဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ချစ်က အမှာစကား ပြောကြားသည်။ ဆက်လက်၍ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ချစ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ချိန်နှင့် မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်တို့က ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများထံသို့ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

MDN