အီရန်အရေးတွင် စေ့စပ်ဆွေးနွေးခြင်းဖြင့် အောင်မြင်မှုရရှိမည်ဟု တရုတ်နိုင်ငံယုံကြည်
ပေကျင်း မေ ၂၈
အီရန်အရေးတွင် စေ့စပ်ဆွေးနွေးခြင်းဖြင့် အောင်မြင်မှုရရှိမည်ဟု တရုတ်နိုင်ငံက ယုံကြည်ပြီး အင်အားသုံးဖြေရှင်းခြင်းဖြင့် အဖြေမရရှိနိုင်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာအိုနင်က ပြောကြားသည်။
အီရန်နှင့် အမေရိကန်ကြား သဘောတူညီချက်ရရှိရန် နီးကပ်လာသည့် အခြေအနေနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းရာ၌ ၎င်းက အထက်ပါအတိုင်းပြောကြားခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် စေ့စပ်ဆွေးနွေးရေးလမ်းကြောင်း ဖွင့်ထားသည့်အချိန်ဖြစ်ရာ တင်းမာမှုများ လျှော့ချရေးအတွက် တာဝန်ရှိသူများက အရှိန်အဟုန်ဖြင့်ဆောင်ရွက်ရန် အရေးကြီးပြီး နိုင်ငံရေးလမ်းကြောင်းဖြင့် ညှိနှိုင်းဆွေးနွေးဆောင်ရွက်ခြင်းဖြင့် အဖြေရရှိနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ
MDN
MM-News-Category
