ထိန်းသိမ်းခံထားရသော ပိုင်ဆိုင်မှုများကို အပြည့်အဝ ပြန်လွှဲပေးရန် အီရန်တောင်းဆို

News Image

  • ထိန်းသိမ်းခံထားရသော ပိုင်ဆိုင်မှုများကို အပြည့်အဝ ပြန်လွှဲပေးရန် အီရန်တောင်းဆို

      ပြည်ပရှိထိန်းသိမ်း ခံထားရသော အီရန်နိုင်ငံ၏ ပိုင်ဆိုင်မှုများကို အကြောင်းပြချက်မရှိနှင့် အပြည့်အဝပြန် လွှဲပြောင်းပေးရန် ထိပ်တန်းတာဝန်ရှိသူတစ်ဦးက တောင်းဆိုထားသည်ဟု Tasnim သတင်းဌာနကဖော်ပြထားသည်။ အမေရိကန်ကထိန်းသိမ်းထားသော အီရန်နိုင်ငံ၏ ပိုင်ဆိုင်မှုများကိုပြန်လွှဲပေးရန် တောင်းဆိုကြောင်းနှင့် ထိုသို့တောင်းဆိုခြင်းသည် အီရန်၏ တရားဝင် အခွင့်အရေးဖြစ်ကြောင်း အီရန်အမျိုးသား လုံခြုံရေးကောင်စီ၏ လက်ထောက်အတွင်းရေးမှူး အလီဘာဂါရီကာနီက ပြောသည်။

အမေရိကန်အစိုးရ ထိန်းချုပ်ထားသည့် အီရန်နိုင်ငံ၏ပိုင်ဆိုင်မှုများမှာ အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံအထိရှိကြောင်းနှင့် ထိုပိုင်ဆိုင်မှုများကိုပြန်လည် လွှဲပြောင်းပေးရန် အီရန်က စစ်ပွဲအဆုံးသတ်ရေးအတွက် အမေရိကန်နှင့်ဆွေးနွေး ညှိနှိုင်းစဉ်တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သတင်းဌာနကဆက်လက်ဖော်ပြထားသည်။

အမေရိကန်နှင့်အစ္စရေးတို့ပူးပေါင်း၍ အီရန်ကိုတိုက်ခိုက်မှုများ လုပ်ဆောင်ပြီးနောက် ဧပြီလ ၈ ရက်တွင်  အပစ်အခတ် ရပ်စဲရေးရရှိခဲ့ခြင်းဖြစ်သည်။ အပစ်အခတ်ရပ်စဲစဉ် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများ လုပ်ဆောင်နေသော်လည်း ယခုအချိန်အထိ သဘောတူညီချက်ရရှိခြင်း မရှိသေးကြောင်း  သိရသည်။

MWD