ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံရှိ အီဘိုလာရောဂါကူးစက်ခံထားရသည့် လူနာတစ်ဦး ပြန်လည်ကောင်းမွန်လာ
ကင်ရှာဆာ မေ ၃၀
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံရှိ အီဘိုလာရောဂါကူးစက်ခံထားရသည့် လူနာတစ်ဦး ပြန်လည်ကောင်းမွန်လာပြီး ဆေးရုံမှဆင်းခွင့်ရရှိခဲ့ကြောင်း သိရသည်။
၎င်းသည် ရောဂါမှ ပထမဆုံးပြန်လည်ကောင်းမွန်လာသူဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ယမန်နေ့တွင် ပြောကြားခဲ့သည်။
မေ ၂၇ ရက်တွင် ၎င်းလူနာသည် ရောဂါမှ သက်သာလာပြီး ဆေးရုံမှဆင်းကာ ၎င်း၏နေအိမ်သို့ ပြန်သွားခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ အန်နာအစ်လီဂန်က သတင်းထောက်များအား ပြောကြားခဲ့သည်။
၎င်းသည် အတည်ပြုထားသော အီဘိုလာလူနာများကြားတွင် ပထမဆုံး ပြန်လည်ကောင်းမွန်လာသူဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ကွန်ဂိုနှင့် အိမ်နီးချင်းနိုင်ငံများ၏ ကျန်းမာရေးအာဏာပိုင်များက ကာကွယ်ဆေးရရှိရန် ကြိုးပမ်းဆောင်ရွက်နေရုံသာမက ဗိုင်းရပ်စ် Bundibugyo မျိုးကွဲ၏ နောက်ဆုံးဖြစ်ပွားမှုကို ထိန်းချုပ်ရန် လုပ်ဆောင်နေကြသည်။
ရောဂါပိုးကြောင့် သေဆုံးမှုနှုန်း ၅၀ ရာခိုင်နှုန်းအထိ ရှိနိုင်ကြောင်း သိရသည်။
ကိုးကား - စီဂျီတီအင်န်၊ ဘာသာပြန် - အောင်ကျော်ကျော်
MDN
