ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများ အထူးဆေးကုသမှုအစီအစဉ်ဖြင့် ပြည်သူများအားအခမဲ့ဆေးကုသပေး

News Image

  • ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများ အထူးဆေးကုသမှုအစီအစဉ်ဖြင့် ပြည်သူများအားအခမဲ့ဆေးကုသပေး

ပုသိမ် မေ ၃၀

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများက အထူးဆေးကုသမှုအစီအစဉ်ဖြင့် ပြည်သူများအား အခမဲ့ဆေးကုသဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ယနေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးသည်။

 

ဦးစွာ ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် လာရောက်၍ ဆေးကုသမှုခံယူသည့် ပြည်သူများအား အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများက ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ဆေးကုသပေးနေမှုများကို ကြည့်ရှုအားပေးသည်။

 

အဆိုပါ အခမဲ့ကျန်းမာရေးစောင့်ရှောက် ဆေးကုသပေးခြင်းကို ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် မေ ၃၀ ရက်မှ ၃၁ ရက်အထိ နှစ်ရက်ကြာ ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများက ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)

MDN