ဟော်မုဇ်ရေလက်ကြားအပေါ် အချုပ်အခြာအာဏာ ကျင့်သုံးခွင့်မှာ အီရန်နှင့် အိုမန်နိုင်ငံတို့တွင်သာ ရှိသည်ဟု အီရန် နိုင်ငံခြားရေး ဒုတိယဝန်ကြီး ပြောကြား
ဟော်မုဇ်ရေလက်ကြား အချုပ်အခြာအာဏာကျင့်သုံးခွင့်ရှိသည့် တစ်ခုတည်းသောနိုင်ငံနှစ်ခုမှာ အီရန်နှင့် အိုမန်တို့သာဖြစ်ကြောင်း အီရန် နိုင်ငံခြားရေးဒုတိယဝန်ကြီး ကာဇမ် ဂါရီဘာဘာဒီ (Kazem Gharibabadi) က ပြောကြားလိုက်သည်။
အီရန်နိုင်ငံ၏ IRIB ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သော ပြောကြားချက်များတွင် အီရန်နိုင်ငံအနေဖြင့် ၎င်းရေလမ်းကြောင်းအတွင်း ရေကြောင်း သွားလာမှုနှင့် သွားလာရေးလုပ်ငန်းများကိုထိန်းချုပ်ရန် လုပ်ငန်းစဉ်အသစ်တစ်ခုကို စတင်အကောင်အထည်ဖော်နေပြီဖြစ်သော်လည်း အစီအမံများ ကို အိုမန်နိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဂါရီဘာဘာဒီ က ဆိုသည်။
ရေလက်ကြားနှင့်ပတ်သက်၍ “အခြားသူများကဲ့သို့ ငြိမ်ငြိမ်သက်သက်မနေပါက ၎င်းနိုင်ငံအား ဗုံးကြဲတိုက်ခိုက်မည်” ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ခဲ့ပြီးနောက် အမေရိကန်၏ ခြိမ်းခြောက်မှုများကို အလျှော့မပေးရန် အီရန်က အိုမန်နိုင်ငံအား တိုက်တွန်းထားကြောင်း လည်း ၎င်းက ပြောကြားခဲ့သည်။
ကိုးကား- Al Jazeera
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
